အခန်း (၃)

2.1K 226 3
                                    

ဘာသာပြန်သူ JustCBond

အခန်း (၃) ရန်သူဟောင်းနဲ့တွေ့ပြီး ကလဲ့စားချေခဲ့ခြင်း

ရင်းနှီးသည့် အငွေ့အသက်များဖြင့် ပြည့်နေသည့်နေရာကို ပြန်လာခဲ့သည်နှင့် ဖူကျို့က မဖော်ပြတတ်သည့် ခံစားချက်ကြီးတစ်မျိုး ခံစားလိုက်ရသည်။ စာက ဆက်သင်နေသည်။ နောက်အတန်းချိန်က အားကစားအချိန်ဟုတ်၊ မဟုတ်ကို ဖူကျို့ သေချာမသိချေ။

"အိုး ဒီခပ်ချောချောကောင်လေးက ဘယ်သူလဲ၊ သူက ကျောင်းသားသစ်များလား၊ ငါသူ့ကို တစ်ခါမှ မမြင်ဖူးသလိုပဲရယ်"ဟူ၍ ကောင်မလေးတစ်ယောက်က သူ့သူငယ်ချင်းများနှင့် စကားပြောနေစဉ် ဖူကျို့ရှိရာဘက်သို့ လက်ညှိုး ထိုးညွှန်ပြလေသည်။

"သူ ငါ့ကို အခုပြုံးပြနေတယ်ဟာ သူ့သွားတက်လေးတွေက အရမ်းမိုက်တာပဲဟ"

"ခဏလေး သူ့ကိုကြည့်ရတာ ရင်းနှီးနေသလိုပဲဟ သူ...သူက ဖူကျို့မဟုတ်ဘူးလား"

နီးနီးကပ်ကပ် ကြည့်လိုက်မိသည်နှင့် မိန်းကလေးတစ်စုက အံ့ဩလွန်းလို့ စကားပင် မပြောနိုင်တော့ပေ။

တကယ့်သောက်ကျိုးနည်း ဖူကျို့ကြီးဟ။

ဒီလောက်ကြည့်ကောင်းတဲ့လူငယ်လေးက ဘယ်လိုလုပ်မောက်မာရိုင်းစိုင်းတဲ့ ဖူကျို့ဖြစ်နိုင်မှာလဲပြော/ ဒါပေမဲ့ သူက ငါတို့ အတန်းထဲကို တည့်တည့်ကြီးကို ဝင်လာတယ်လေကွ။

ဖူကျို့က သူမ၏ ကျောင်းလွယ်အိတ်ကို သစ်သားခုံလေးထက်၌ တင်ပြီး သူမ၏ ခြေတံရှည်များကို ညင်သာစွာ မတင်ကာ ခြေချိတ်ထိုင်လိုက်သည်။ ထို့နောက် သူမ၏ လက်တော့လေးကို ထုတ်ရန် ပြင်ဆင်နေစဉ်  ရုတ်တရက်ကြီး "ဘန်း" ဆိုသည့် အသံမြည်လာခဲ့သည်။

သူမ၏ ဘေးတွင်ရှိသည့်လူတစ်ယောက်က ခုံကို ဆွဲထုတ်ကာ သူမကို မျက်နှာမည်းကြီးဖြင့် စိုက်ကြည့်နေသည််

"မင်းပစ္စည်းတွေကို ယူသွားစမ်း၊ ငါမင်းရဲ့အနားမှာ ဒုတိယအကြိမ် ကြာကြာလေးတောင် ထပ်ပြီးမထိုင်ချင်တော့ဘူး မအေဘေးရဲ့"

ဒီလူကတော့ ဖူကျို့ရဲ့အတန်းဖော် 'ကျန်းဖေးရန်'တစ်တန်းလုံးရဲ့အချောဆုံးအခန့်‌ဆုံးကြီးပေါ့။ သူက ဘတ်စကတ်ဘောကို ကောင်းကောင်းကစားတတ်တယ်၊ ပြီးတော့ မိန်းကလေးတွေနဲ့ ကြူရာမှာ သောက်ရမ်းတော်တဲ့သူကြီးလေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now