အပိုင်း (၁၀၁) ကြီးမြတ်လှတဲ့သခင်လေးချင်က ပြောတယ်၊ ထွက်လာခဲ့နေ့လယ်စာ သွားစားမယ်တဲ့

1.4K 133 1
                                    

အပိုင်း (၁၀၁) ကြီးမြတ်လှတဲ့သခင်လေးချင်က ပြောတယ်၊ ထွက်လာခဲ့နေ့လယ်စာ သွားစားမယ်တဲ့

ဖူကျို့ဟာ နောက်ဆုံးအတန်းချိန်မတိုင်ခင် နားချိန်၌နိုးလာလေသည်။

ကျန်းဖေးရန် ဘာတွေတွေးနေမှန်း သူမ မသိပေ။ ကျန်းဖေးရန်က သူမဆီလျှောက်လာပြီးတော့ စားပွဲခုံကို ခေါက်လိုက်ကာ အသံနိမ့်လေးဖြင့် ပြောသည်။

"မင်း တကယ် ဒီနေရာမှာထိုင်တော့မှာလား"

ဖူကျို့ဟာ ထိုအဖြစ်အပျက်ကို ဟာသအဖြစ် သဘောထားကာ ကျန်းဖေးရန်ကို ကြည့်လိုက်လေသည်။ ဖူကျို့က ပျင်းရိပျင်းတွဲဖြင့် သူမ၏ လက်ပေါ်၌ မေးတင်လိုက်သည်။ ထိုကဲ့သို့ ပျင်းရိပျင်းတွဲမျက်လုံးများက  ကျန်းဖေးရန်၏ နောက်ကျိနေသော စိတ်ကို ချက်ချင်း ကြည်လင်သွားစေပေ၏။

ငါ အခုဘာလုပျနတောလဲ။

ငါ ဒီဖြူကောင်လေးကို ငါ့ခုံနံဘေးဆီ ပြန်လာစေချင်နေတာလား။

ငါ ရူးသွားတာပဲဖြစ်ရမယ်။

သို့သော် သခင်လေးကျန်းဟာ ဆက်ပြောလိုက်သည်။

"မင်း ဒီလိုလုပ်ဖို့ မလိုပါဘူး။ အတန်းပိုင်ဆရာက နောက်တစ်ပတ်ကျရင် နေရာတွေ ပြန်စီစဉ်ပေးလိမ့်မယ်လေကွာ။ ရွယ်ယောင်ယောင်ကို မိန်းကလေးတစ်ယောက်ယောက်နဲ့ တူတူ ပေးထိုင်လိုက်ပေါ့။ ဒီလိုဆိုရင်အဆင်ပြေပါတယ်ဟ"

"ငါ့အထင် ဒီနေရာကကောင်းပါတယ်"

ဖူကျို့ ရယ်လိုက်ကာ

"အနည်းဆုံးတော့ အထင်သေးခံရမှာ စိုးရိမ်စရာ မလိုတော့ဘူးပေါ့"

ကျန်းဖေးရန်တစ်ယောက် ထိုစကားက သူ့ကို ရည်ညွန်းပြီး ပြောမှန်း သိလေသည်။ ထိုနောက် သူ့မျက်နှာဟာ ဖြူရော်သွားပေတော့သည်။

မင်း..မင်း ဖြူကောင်လေး မင်းအရမ်းရက်စက်တာပဲ။ ငါမင်းကို ပြန်လာဖို့ အကြောင်းပြချက် လာပေးတယ်။ မင်းက လွှင့်ပစ်တယ်။

"မင်းအဆင်ပြေသလိုသာလုပ်"

ကျန်းဖေးရန်က ထိုသို့ ပြောပြီးသည်နှင့် သူ့နေရာဆီသို့ပြန်သွားလေတော့၏။ သူ့မျက်လုံးများက ဒေါသဖြင့် ပြည့်နေလေသည်။ သူ့ကို ကြိုက်နေသည့် ကောင်မလေးများက ထိုမျက်လုံးတွေကြောင့် စိတ်ရှုပ်ထွေးသွားရပေတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now