အခန်း (၅၀)

1.8K 203 2
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း(၅၀) ချင်မော့: ဖူကျို့ မင်းကို အိမ်ပြန်ပို့ပေးမယ်

အ...ကြွေးတဲ့လား။

သည်ဟိုတယ်၌ လာစားကြသည့်သူများက ဘယ်သောအခါမှ အကြွေးထားလေ့မရှိကြပေ။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်များက တစ်ယောက်နှင့် တစ်ယောက် မည်သူက ပိုချမ်းသာကြလဲဆိုသည်ကို ယှဉ်ပြိုင်ချင်ကြပေသည်။

အပြင်ထွက်စားတော့ ပိုက်ဆံမလောက်လို့ နောက်မှပေးမယ်ဆိုပြီး အကြွေးထားလို့ရလား၊ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်လဲ။

COCO ခေါင်းငုံ့ထားပြီး သူ့လက်ချောင်းများကိုသာ ကိုက်ထားလိုက်တော့သည်။

စီအီးအိုက ဒီတစ်ကြိမ်တော့ တကယ့်ကိုအကွက်ကျကျနဲ့ လူလည်ကျထားတာပဲ။ သူ ဖူကျို့ကို တကယ့်ကို မျက်နှာပျက်ရအောင်လုပ်နေတာဟ။

နောက်ပိုင်း ဖူကျို့ဘယ်နေရာပဲသွားသွား ဒီအကြွေးတင်ခဲ့တယ် ဆိုတဲ့ကိစ္စက အရိပ်မည်းလို လိုက်နေတော့မှာကွာ။
သို့သော် ဖူကျို့က သူမ ဂုဏ်သိက္ခာအတွက် အနည်းငယ်ပင် ဂရုမစိုက်ချေ။ သူမ ပိုက်ဆံကိုသာ ဂရုစိုက်တာ ဖြစ်သည်။

"ကြီးမြတ်လှတဲ့သခင်လေးချင် နင်လေးကို ဟိုနင့်ရဲ့လက်စွဲစာအုပ်က နင့်သူငယ်ချင်း ပိုက်ဆံပြတ်သွားရင် သူ့အစား ပိုက်ဆံပေးပေးရမယ်ဆိုတာကို မပြောထားဘူးလားဟင်"

ချင်မော့က ဖူကျို့ကို ဂရုမစိုက်လေဟန် တစ်ချက်ကြည့်လိုက်ကာ

"အဲဒါက သာမန်တွေ့ဆုံမှုတွေမှာအကျုံးဝင်ပေမဲ့ မင်းနဲ့မလိုက်ဖက်ဘူး။ ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်နဲ့ အကြွေးချေမယ်ဆိုပြီး ခဏခဏတွေးနေတဲ့မင်းရဲ့ ညစ်ညမ်းတဲ့အတွေးကြောင့် ပိုက်ဆံအပြည့်အဝကို ပေးသင့်တာ"

ဖူကျို့ : "......"

ဒီလိုဆိုရင် ငါလေးစားခဲ့တဲ့ကျောက်ပုစွန်တွေက သက်သက်ဉာဏ်ဆင်တာပေါ့။ မမြတ်ရုံတင်မက ရှုံးပါရှုံးသွားသေး။

သို့သော်ငြား သူမအဖို့ အမြတ်ကျန်စေရန်အလို့ငှာ ဖူကျို့က အစောပိုင်း၌ သည်ကျောက်ပုစွန်နှစ်ကောင်ကို ပါဆယ်ထုတ်သွားရန် မစဉ်းစားသော်လည်း ယခုတော့ သူမ တစ်လမ်းလုံး သယ်သွားရမည်ဆိုရင်တောင် ထုတ်ကိုထုတ်သွားမယ်ဟု အသေချာ ဆုံးဖြတ်ချက်ချလိုက်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now