အပိုင်း (၈၇) ဂေးတော့မှာလား

1.6K 173 1
                                    

အပိုင်း (၈၇) ဂေးတော့မှာလား

ချင်မော့က သူ့အသံကို တိုးလိုက်ပြီး သူ၏နှစ်လိုဖွယ်ကောင်းသော နှုတ်ခမ်းပါးလေးတွေက ဖူကျို့အား " ကျေးဇူးပြုပြီး မင်း တွေ့သမျှလူတိုင်းနဲ့ အီစီကလီမလုပ်ပါနဲ့ " ဟု သတိပေးလိုက်၏။

" ငါလေးက အတွင်းရေးမှူးလျန်ကို နှုတ်ဆက်နေတာလေ "

ဖူကျို့က ထိုသို့ ပြောပြီးသည်နှင့် သူမ၏ လက်တစ်ဖက်ကို ဦးခေါင်းနောက်၌ထားကာ ထိုင်ခုံအနောက်ဖက်သို့ ပျင်းရိပျင်းတွဲ မှီချလိုက်လေသည်။ သူမကို ကြည့်ရတာ အလွန်အမင်း ခံ့ညားနေသယောင်ပင်။

ဖူကျို့ရဲ့ အီစီကလီရိုက်တတ်တဲ့စကေးလ်ကို တွေးမိလိုက်တာနဲ့ ချင်မော့က ဖူကျို့ပြောတဲ့စကားတစ်လုံးကိုမှ မယုံကြည်ပေးချင်ဘူး။ ချင်မော့က ဖူကျို့ဆီ ဂိမ်းမဂ္ဂဇင်း ပစ်ပေးလိုက်ပြီးတော့ မနိမ့်မမြင့်အသံဖြင့် " မင်းရဲ့ခေါင်းကိုသာ ငုံ့ပြီးတော့ မဂ္ဂဇင်းကိုသာဖတ်နေစမ်းပါ အတွင်းရေးမှူးလျန်လို အိုနေတဲ့အဘိုးကြီးက ဘာများကြည့်ကောင်းလို့လဲ"

ဒီဟာကို ကြားလိုက်တာနဲ့ အရှေ့ဘက်မှာကားမောင်းနေတဲ့ အတွင်းရေးမှူးလျန်က သွေးတစ်ပွက် အန်ထွက်လုနီးပါးပဲ။

ငါသိပ်မငယ်တော့ဘူးဆိုတာ သိပါတယ်။

စီအီးအိုက ဒီလိုမုန်းစရာကောင်းတဲ့စကားမျိုးကိုပြောနေတော့ ငါဘယ်သူ့ကို မကျေမနပ်သွားဖြစ်ရမှာလဲ ဟမ်။

ဖူကျို့က မဂ္ဂဇင်းကို လှန်လျောကြည့်ပြီး ဟိုဟိုသည်သည် လျှောက်ဖတ်ကြည့်လိုက်လေသည်။ သူမက ပျင်းလာသောကြောင့် ထိုင်နေတာတောင်မှ မြင့်မြတ်သည့်အသွင်ဆောင်နေသော အနှီလူသားဖက်သို့ လှည့်လိုက်လေကာ "ခပ်ချောချောကောင်လေးတွေ ကလေးတွေနဲ့ပြည့်နေတဲ့ နောက်ထပ်တစ်အုပ် မရှိတော့ဘူးလား။ "

ထိုစကားကို ကြားလိုက်သည်နှင့် အတွင်းရေးမှူးလျန်သည် နောက်ထပ်တစ်ကြိမ် ရှော့ခ်ရသွားပေသည်။

ရုတ်တရက်ကြီး သူက တစ်စုံတစ်ခုကိုတွေးမိသွားကာ ဒီအမွေဖြတ်ခံထားရတဲ့သခင်လေးဖူက ဂေး...ဂေး မဟုတ်ဘူးလား။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now