အခန်း (၂၆)

1.8K 212 1
                                    

ဘာသာပြန်သူ- JustCBond

အပိုင်း(၂၆) တရားမျှတမှုဟာ နောက်ကျကောင်းနောက်ကျနိုင်တယ်

သူတို့ စိတ်ရင်းကို အစွမ်းကုန် ပြသရန်အတွက် ကျန်းမြို့တော်၏ အမှတ်(၁)အလယ်တန်းကျောင်းက လူအများအပြားကို ဖိတ်ခေါ်ထားလေသည်။

ဖူကျို့က အလယ်၌ ရပ်နေပြီး သူမဟာ ဂျင်းအဖျော့ရောင် ဘောင်းဘီနှင့် အမည်းရောင် ခါးပတ် ထို့နောက် ရိုးရှင်းသည့်တီရှပ်တစ်ထည်ကိုသာ ဝတ်ဆင်ထားသည်။

သူမ၏ ရှုပ်ပွနေသည့် ငွေရောင်ဆံပင်များဖြင့်  သူမဟာ အတော်လေးကိုကြည့်ကောင်းနေပြီး လူတိုင်း၏ နှလုံးသားလေးကို ရူးသွားအောင် ပြုစားနေပေတော့သည်။

ဟယ်ဟုန်ဟွာက ဖူကျို့ နံဘေး၌ ရပ်နေပြီးတော့ တစ်စုံတစ်ယောက်သာ သူမ မျက်နှာကို ကြည့်လိုက်မည်ဆိုရင် အပျော်ကြီး ပျော်နေသည်ကို တွေ့နိုင်ပေသည်။

အမှန်တကယ်တော့ ဖူကျို့ ကျောင်းတက်သည့်အချိန်ကစပြီး ဖူကျို့နှင့်အတူတူ ကျောင်းကိုလာသည်မှာ သူမ အတွက်ပထမဆုံးအကြိမ် ဖြစ်တာမို့ကြောင့် ဖြစ်သည်။

ဖူကျို့က တစ်စုံတစ်ခုကို စဥ်းစားနေပြီးတော့ သူမ နားကပ်ကို လက်တစ်ဖက်ဖြင့် ကစားနေသည်။ သူမ အသံကို နှိမ့်လိုက်ပြီးတော့
"အမေ ခဏနေရင် ဒါရိုက်တာကျန်း သမီးတို့ကို တောင်းပန်တဲ့အချိန်ကျရင် အမေ ဘာမှဝင်မပြောနဲ့နော်။ သမီးပဲ သူ့ကိုပြန်ပြောမယ်နော်"
"ကောင်းပြီ ကောင်းပြီ"

ဟယ်ဟုန်ဟွာက အချို့အရာတွေ၌ အနည်းငယ်တော့  နမော်နမဲ့နိုင်လေသည်။ ထို့ကြောင့် သူမ သမီးကို လက်လွှဲထားလိုက်သည်က အကောင်းဆုံးဖြစ်ပေမည်။

ဖူကျို့နှင့် အခြား ကျောင်းသား ငါးယောက်ဟာ အတူတူထိုင်နေကြပြီးတော့ ကျောင်းက ဖိတ်ထားသည့် လူထုကလည်းစိတ်အားထက်သန်စွာဖြင့် စောင့်စားနေကြလေသည်။

ထို့နောက်  ကျန်းမြို့တော်၌ ရှိသည့်လူအားလုံးဟာ အွန်လိုင်းပေါ်မှနေ၍ ဘာတွေဆက်ဖြစ်မလဲ ဆိုသည်ကို စောင့်ကြည့်နေကြလေသည်။

ဒါရိုက်တာကျန်း ထွက်ပေါ်လာသည့်အချိန်တွင် အားလုံးထဲ၌ ဖူကျို့က အတည်ငြိမ်ဆုံးဖြစ်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Kde žijí příběhy. Začni objevovat