အပိုင်း (၈၉) ဒီကိစ္စမှာ မင်းအစ်ကိုဝင်ပါဖို့လိုသေးလား

1.5K 164 0
                                    

ဘာသာပြန်သူ JustCBond

အပိုင်း (၈၉) ဒီကိစ္စမှာ မင်းအစ်ကိုဝင်ပါဖို့လိုသေးလား

ရာသီဥတုက ဆောင်းဦးရာသီဘက်သို့ ကူးပြောင်းလာပြီဖြစ်တာကြောင့် အနည်းငယ် အေးစိမ့်စိမ့်နိုင်နေပေ၏။

အပြင်ဘက်၌ စကိတ်ဘုတ်စီးခြင်းက ပို၍ပင်အေးစေနိုင်လေသည်။

ဖူကျို့က အင်တာနက်ဆိုင်အတွင်းသို့ ဝင်သွားသည်နှင့် သူမ၏ ကော်လံကို တည့်တည့်ထောင်မတ်လိုက်လေသည်။

ဟိုတစ်ခါတုန်းက ငါ့ကွန်ပျူတာတွေကို ပရမ်းပတာဖြစ်အောင်လုပ်သွားတဲ့ ကောင်လေး ရောက်နေပါလား။

အင်တာနက်ဆိုင်၏ သူဌေးက ဖူကျို့ကို လေးနက်သည့် အမူအရာဖြင့် ကြည့်နေလေသည်။

"ဒီတစ်ကြိမ်လဲ နာရီဝက်လား"

သူဌေးဟာ စီးကရက်သောက်နေရင်းဖြင့် အလုပ်တစ်ခုခုလုပ်နေကာ

"ငွေကြိုပေးစရာမလိုဘူး ဒီတစ်လုံးက လွတ်နေတယ် လုပ်စရာရှိတာသာလုပ်"

ဖူကျို့က ထိုသူဌေးကို ပထမဆုံးစတွေ့လိုက်သည်နှင့် စိတ်ဝင်စားစရာကောင်းသည်ဟု တွေးမိတာကြောင့် သည်နေရာသို့ နောက်တစ်ကြိမ်ပြန်လာတာဖြစ်လေသည်။

"ဒီတစ်ကြိမ်တော့ နည်းနည်းကြာလိမ့်မယ်၊ ၁၂ မတိုင်ခင်အထိပေါ့ အဲဒါကြောင့် ကောင်းတဲ့တစ်လုံးပေးပါ"

"ဘာလုပ်မလို့လဲ ကွန်ပျူတာဂိမ်းကစားမလို့လား"

သူဌေးဟာ ခေါင်းမော့လာလေသည်။ သူ့မေးရိုးများက အတော်လေးမိုက်ပေ၏။

"ဟမ့်”

ဖူကျို့ရဲ့နှုတ်ခမ်းဟာ ဘေးတစ်ဖက်သို့သာကွေးညွတ်သွားပြီးတော့ မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်လေသည်။ သူမ၏ မျက်လုံးများက အေးစက်နေဆဲပင်။

"ကောင်းပါပြီ ကောင်းပါပြီ SectionA က နံပါတ် ၁၉ကိုသွား၊ ဒါနဲ့ မင်းဘယ်ဂိမ်းဆော့မလို့လဲ ငါကြားတာကတော့ ဒီနေ့ ဟီးရိုးဂိမ်းက အသင်းတစ်ခုတိုက်ရိုက်ထုတ်လွင့်မှုလုပ်မလို့တဲ့ မင်းကြည့်ချင်ရင် ကြည့်လို့ရတယ်နော်"

ဖူကျို့က ပြုံးလိုက်ပြီးတော့

"ဒီဟာကိုပဲ ကြည့်မလို့"

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now