အခန်း (၄၉)

1.8K 205 4
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း (၄၉) လိုအပ်လာရင် သူ့ကိုထိန်းထားပေးသခင်လေးချင်ရေ

ထိုသို့ပြောလိုက်ပြီးသည်နှင့် အခန်းထဲ၌ ရှိသည့်အပူချိန်က အောက်ဆုံးသို့ ထိုးကျသွားပေသည်။

စားပွဲထိုးများက တောင့်ခဲနေသည့် လက်ချောင်းများဖြင့် ဘေးဘက်ကိုသာ စိုက်ကြည့်နေကြပေတော့သည်။

သို့သော် သူတို့မျက်လုံးများမှ ရှော့ခ်ရမှုများက အတိုင်းသား ပေါ်လွင်နေသည်။

တစ်စုံတစ်ယောက်က စီအီးအိုကို စကားနိုင်လုပြီး ဆန့်ကျင်ရဲတယ်တဲ့လား။ ပြီးတော့သူ သူက ဘာပြောလိုက်လဲ၊ ထမင်းဖိုးကို သူ့ခန္ဓာကိုယ်နဲ့ရှင်းမယ်တဲ့လား။

ငါတို့ တွေးနေတာတော့ မဖြစ်ပါစေနဲ့။

ဒါပေမဲ့ ဒီသခင်လေးဖူရဲ့ပုံစံကို ကြည့်ရတာ သူ အတည်ပေါက်ကြီး ပြောနေတဲ့ပုံဟ။

ထိုသို့ ညစ်ညမ်းသည့်အရာကို မတွေးမိစေရန် သူတို့ အတွက် အတော် ခက်ခဲပေသည်။ အထူးသဖြင့် သည်နှုတ်ခမ်းပါးလေးများက စီအီးအိုချင်နှင့် တစ်လက်မပင် မကွာတော့သောကြောင့်ဖြစ်ပေသည်။

နည်းနည်းလေး ထပ်တိုးလိုက်တာနဲ့ သူတို့နမ်းမိသွားတော့မှာလား။ စီအီးအိုရဲ့ နဂိုပင်ကိုစရိုက်က အေးတိအေးစက်နိုင်တာလေဟ။ ဒါပေမဲ့ ဒီသခင်လေးဖူက အဲဒီအကြောင်းကို ဂရုစိုက်ပုံတောင် မရဘူး။

ဖူကျို့ မျက်လုံးအောက်က ရေစက်သဏ္ဌာန်မှဲ့လေးမှာ ညို့ဓာတ်တစ်မျိုး ပေးနေသယောင်။

"ဘာလဲ ငါလေးခန္ဓာကိုယ်နဲ့ အကြွေးဆပ်မှာကို နင်က လက်မခံဘူးလား၊ ဒါဆို အနမ်းပေးပြီး အကြွေးဆပ်မယ်လေ နမ်းခွင့်ပေး"

ဖူကျို့က ပါးစပ်အရသာခံပြောကာ ယခုချက်ချင်း နမ်းတော့မည့် အသွင်ဆောင်နေပေသည်။

ချင်မော့မျက်လုံးများက လုံးဝ အေးစက်သွားပေသည်။သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဖူကျို့လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ ဖူကျို့ကို စားပွဲပေါ်၌ ဖိထားပေသည်။ ချင်မော့က စိတ်ရှည်သည်းခံနိုင်မှု ပျောက်ဆုံးနေပြီး ဖူကျို့ကို ဖြစ်နိုင်လျှင် လည်ပင်းညှစ်သတ်ချင်နေပေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now