အခန်း (၆၀)

1.6K 170 3
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း (၆၀) မအိပ်ခင်လေး သခင်လေးချင်ကို အီစီကလီကြမယ်လေ

ချင်မော့က ကွန်ပျူတာကို ပိတ်လိုက်သော်လည်း ချက်ချင်း မအိပ်ပေ။ ထို့နောက် သူ၏ ရှည်လျားသွယ်လျသည့်လက်ချောင်းများဖြင့် ဖူကျို့ဆီသို့ wechatမှ မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။

" မင်း အခုလေးတင် မင်းကို လာ addတဲ့သူကို ငြင်းလိုက်တာလား"

ဖူကျို့က တဲ့တိုးဖြေရမည့်အစား အိပ်ရာမဝင်ခင် နတ်ဘုရားချင်မော့ကို အနည်းငယ် အီစီကလီ လုပ်ချင်သေးသည်။ သူမက အသံမက်ဆေ့ချ်ဖြင့်

"ကြီးမြတ်လှတဲ့ သခင်လေးချင်ကလွဲလို့ ငါလေး အကောင့်ထဲမှာ ဘယ်သူနဲ့မှ fri မဖြစ်ချင်ပါဘူးနော်၊ နင်လေး ရန်ခုန်သွားပြီမလား၊ ငါလေးကို နင့်ခန္ဓာကိုယ်နဲ့ အကြွေးပြန်ဆပ်ရင် စိတ်မဆိုးဘူး သိလား၊ သခင်လေးချင်ရဲ့ ခန္ဓာကိုယ်နဲ့ ရုပ်ရည်နဲ့ဆို ငါလေး နင်နဲ့ အိပ်ဖို့ စဉ်းစားပေးလို့ရတယ်"

ချင်မော့က ဖုန်းကိုင်ရင်းဖြင့် ကျန်လက်တစ်ဖက်က ယခုလေးတင်မှ အတွင်းရေးမှူးလျန် ယူလာပေးသည့် ဖိုင်တွဲကို ကိုင်ထားသည်။ သည်ရိသဲ့သံ့နိုင်သည့် အသံက သူ့နားထဲသို့ ဝင်ရောက်သွားသည်နှင့် ထိုလူငယ်၏ စိတ်အားထက်သန်မှုကိုအတိုင်းသား ကြားနေရသည်။

တစ်ဖက်၌ အတွင်းရေးမှူးလျန်က ဖူကျို့အသံကို မကြားလိုက်ရပေ။ သူ့စီးအီးအိုက အကြောင်းရင်းမရှိဘဲ ခေတ္တရပ်တန့်သွားကာ စကားတစ်ခွန်းမျှ မပြောဘဲ မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲနေသည်ကိုသာ သူ မြင်လိုက်ရသည်။

သည်ရှည်လျားသွယ်လျသည့် ချင်မော့ လက်ချောင်းများက နားရွက်ဘေး၌ ဖုန်းကို ဆုပ်ကိုင်ထားပြီး သူ့မျက်ဝန်းများက အေးစက်မှုနှင့် စိတ်အလိုမကျဖြစ်နေမှုများဖြင့် ပြည့်နှက်နေသည်။ သူ့ကို ကြည့်ရသည်မှာ တစ်ဖက်လူမှ စကားတစ်ခွန်းထပ်ပြောခဲ့သည်ရှိသော် ထို့လူ့အား နှုတ်နှုတ်စင်းတော့မည် အသွင်ပေါက်နေသည်။

အတွင်းရေးမှူးလျန်က သည်မြင်ကွင်းကို ထပ်ကြည့်ရန် မတတ်နိုင်တော့သောကြောင့် သူ့ခေါင်းကို ငုံ့လိုက်ပြီး ပြန့်ကျဲနေသည့် ဖိုင်တွဲများကို စီနေဟန်ဆောင်လိုက်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Donde viven las historias. Descúbrelo ahora