အခန်း (၄၆)

1.7K 193 6
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း (၄၆) အစ်ကိုကြီး ဖူကျို့က "Spade Z" ဖြစ်တယ်လို့ထင်လား
ခေါင်မိုးထပ်၌ ထိုင်နေသည့် COCO နှင့် ဖက်တီးက သန့်စင်ခန်း၌ ဘာဖြစ်ခဲ့လဲဆိုတာကိုတော့ မသိကြပေ။

သူတို့နှစ်ယောက်လုံးက ခေါင်းမဖော်တမ်း စားနေကြပြီး သူတို့အစ်ကိုကြီး သန့်စင်ခန်းဆီမှ အချိန် အတော်အကြာသည်အထိ ပြန်မရောက်လာတာကို သတိထားမိတော့မှ စားတာကို နားလိုက်လေသည်။

ဖက်တီးက မျက်မှောင်ကြုံ့လိုက်ပြီး
"တစ်ခုခုများဖြစ်လို့လားဟ အစ်ကိုကြီးကလည်း ကြာလိုက်တာ"
COCO က အစား၌သာ အာရုံစိုက်နေသည်။

"ဘာများဖြစ်နိုင်မှာမို့လို့လဲ ဒီကောင် ငါတို့အစ်ကိုကြီးနဲ့ အိပ်ဖို့ပဲ တစ်ချိန်လုံးတွေးဘဲတွေးနေမှာပေါ့"
ဖက်တီးက ခက်ရင်းနှင့် ဓားကို ချလိုက်ပြီး COCOအနောက်ဘက်ကို ညွှန်ပြကာ ရုတ်တရက် တိုးတိုးလေးအော်လိုက်သည်။

အကင်းပါးသည့် COCO ဟာ သူ့နောက်ကျောဘက်က ရုတ်တရက်ကြီး အေးစက်လာသည်ကို ချက်ချင်း သတိထားမိလိုက်သည်။ သူက စကားလမ်းကြောင်းလွှဲလိုက်ပြီး

"အဟမ်း စဉ်းစားကြည့်လေ၊ ငါတို့အစ်ကိုကြီးက တစ်စုံတစ်ယောက်နဲ့ ဒီလို လွယ်လွယ်အိပ်ပါ့မလား၊ ပြီးတော့ ငါတို့အစ်ကိုကြီးက မိန်းကလေးတွေကိုပဲ ကြိုက်တာ၊ သူ့လိုဂေးဇိုးလေးကို ကြိုက်ပါ့မလားဟ"

သောက်ကျိုးနည်း၊ ဖွီး...တော်သေးတယ်၊ ငါတို့အစ်ကိုကြီးက ဒီဂေးဇိုးလေးကြောင့် ဂေးသွားဦးမယ်လို့ အကျယ်ကြီး ထုတ်မပြောလိုက်မိလို့၊ ငါ အကင်းပါးလို့ တော်သေးတယ်၊ ဘုရားသိကြားမလို့၊ အဲ့တာက သေခြင်းတရားနဲ့လက်မတင်လေး ကပ်လွဲသွားတယ်လို့ပြောရမလား ဟူးးး...။

COCO က သူ့နဖူးမှ ချွေးစေးများကို သုတ်လိုက်သည်။
သူ စကားလမ်းကြောင်း လွှဲလိုက်သောကြောင့် ချင်မော့မျက်နှာအမူအရာက ပြောင်းလဲမပြောင်းလဲသွားသလို နူးလည်းမနူးညံ့လာပေ။

အခြားတစ်ဖက်၌ ချင်မော့ ဝင်လာသည်နှင့် ခေါင်မိုးထပ်တစ်ခုလုံးက ရေခဲတောင်ကြီးသဖွယ် အေးစိမ့်လာပေတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now