အပိုင်း (၁၄၈) သူ့ညီလေးကိုစည်းကမ်းတင်းကြပ်ဖို့လိုနေပြီ

1.2K 85 0
                                    

အပိုင်း (၁၄၈) သူ့ညီလေးကိုစည်းကမ်းတင်းကြပ်ဖို့လိုနေပြီ

ဒီလူငယ်ဟာ အိပ်ရာထက်၌လဲလျောင်းလျက် သူ့ကိုကြည့်ရတာ အလွန်အမင်းချောမောလှပလေသည်။ အထူးသဖြင့် ဒီမျက်နှာပေးနဲ့ပေါ့။ အဖြူရောင်ညအိပ်ဝတ်စုံဟာ သူမ၌လုံးဝလိုက်ဖက်နေသလို ကျောက်ရိုင်းတုံးကလေသဖွယ် နှစ်လိုဖွယ်ကောင်းနေပေသည်။ သူမရဲ့ငွေရောင်ဆံနွယ်တွေဟာ ဖြာကျနေပြီး သူမရဲ့လှပတဲ့မျက်နှာနဲ့လိုက်ဖက်လွန်းလှသည်။ သူမရဲ့နှုတ်ခမ်းပါးတွေအား ကွေးညွတ်လိုက်ချိန်မှာတော့   မပြောပြနိုင်တဲ့ခံစားချက်တစ်မျိုးအားပေးစွမ်းပေ၏။

ချင်မော့ဟာ သူ့အား တစ်ချက်ကြည့်လိုက်ပြီး ထရပ်လိုက်သည်။ သူ့ရဲ့ညာဘက်လက်အားအသုံးပြုပြီး သူမအားမြင်ကွင်းထဲမှပျောက်သွားအောင် ထပ်မမြင်ရတော့အောင် စောင်ဖြင့်ဆွဲအုပ်လိုက်သည်။

ဒီကောင်လေးကတော့ စည်းကမ်းတင်းကြပ်ဖို့လိုနေပေပြီ။

"နောက်ငါတို့စကားပြောရင် မင်း ဒီလိုညစ်တီးညစ်ပတ်ဟာတွေထည့်ပြောမယ်ဆိုရင် ဒီလိုမင်းကို ကြိုးချည်ထားရုံနဲ့  လွယ်လွယ်လေးပြီးသွားလိမ့်မယ်လို့မထင်နဲ့"

ချင်မော့ဟာ သူ့အရှေ့ကဒီလူငယ်ဟာ ကံတရားရဲ့မျက်နှာသာပေးမှုနဲ့ ချောမောခံ့ညားမှုတွေနဲ့ မွေးဖွားလာတာကိုသိပေမဲ့ အခုလိုအချည်ခံထားရတယတောင်မှ ကြွေရုပ်လေးသဖွယ် ချောမောလှပနေမည်လို့တော့ မထင်ထားမိခဲ့ပေ။

ချင်မော့ဟာ ရုတ်တရက် စစ်တပ်ထဲမှ ကလေးတွေတွေ့ဆုံပွဲအား သတိရမိသွားပေသည်။ ဒီကလေးအုပ်စုကြားထဲမှ ကလေးတစ်ယောက်ဟာ သူ့ထက်ကြီးတဲ့ တွေ့သမျှ ယောက်ျားလေးတိုင်းအား ကိုကိုဟု ချိုသာစွာနှုတ်ခွန်းဆက်လေ့ရှိသည်။

ဘာလို့လဲဆိုတာကို သူမသိပေမဲ့ တစ်ချိန်တုန်းက သူ့အတွက် သာမန်အဖြစ် သဘောထားခဲ့တဲ့အရာတွေကို ငြင်းဆန်ချင်လာသည်။

သူ့အတွက် အသေချာဆုံးအရာကတော့ သူ့ညီလေးကို သာမန်မဟုတ်တဲ့သူတွေလိုမျိုးတော့ မဖြစ်စေချင်ပေ။

ချင်မော့ဟာ လူတွေရဲ့လိင်စိတ်တိမ်းညွှတ်မှုနဲ့ပတ်သက်ပြီး ဂရုစိုက်လေ့မရှိပေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now