အပိုင်း (၁၀၀) ဖူကျို့ မင်းက ဂေးလား အဖြောင့်လား

1.5K 160 3
                                    

အပိုင်း (၁၀၀) ဖူကျို့ မင်းက ဂေးလား အဖြောင့်လား

ဖူကျို့က ရွယ်ယောင်ယောင်ကို သူမရင်ခွင်အတွင်းသို့ ဆွဲထည့်လိုက်တာကို မြင်လိုက်ရတော့ အတန်းတစ်တန်းလုံးက ရှော့ခ်ရသွားပေသည်။

မိန်းကလေးအချို့၏ မျက်လုံးများက အံ့ဩလွန်းသောကြောင့် ပြူးကျယ်နေပေတော့သည်။ သူတို့က ထိုအဖြစ်အပျက်ကို မယုံနိုင်ကြပေ။

အစကတော့ ရွယ်ယောင်ယောင်သည် ကြောင်အသွားသော်ငြား သူမက ဖူကျို့ကို ကျေးဇူးတင်ချင်ပေသည်။ သို့သော် သူမ ကြောက်တာက သူမ စကားပြောမိလိုက်လျှင် ငိုချင်စိတ်ကို မထိန်းထားနိုင်တော့မှာကို ဖြစ်လေသည်။

ဖူကျို့က ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်ကာ ထိုင်ခုံပေါ်၌ ထိုင်လိုက်ပေသည်။ ထို့နောက် သူမ၏ ဘယ်ဘက်လက်မောင်းကို ရွယ်ယောင်ယောင်နောက်ကျောဘက်၌ တင်လိုက်ကာ ပြုံးပြလိုက်သည်။

"ဟိုတစ်ခါတုန်းက ပေါက်စီတွေက သိပ်စားလို့ကောင်းတယ် ဒီနေ့ငါ့အတွက် ပါလာသေးလား"

ရွယ်ယောင်ယောင်က ဘာမှမပြောနိုင်ပေ။ သူမက အစပထမက ခေါင်းညိတ်လိုက်သော်ငြား နောက်တော့ ခေါင်းခါလိုက်ပေသည်။ သူမမျက်လွှာချလိုက်သည်နှင့် မျက်ရည်စက်များက သူမ၏ ဖတ်စာအုပ်ပေါ်သို့ ကျဆင်းသွားပေတော့သည်။

သူမ အနိုင်ကျင့်ခံရတုန်းက သူမ ဘာလို့မငိုမိတာလဲဆိုတာကို နားမလည်ဘူး။ ဒါပေမဲ့ ဒီလူငယ်လေးက သူမအပေါ် နွေးထွေးကြင်နာပြတော့မှ ဘာလို့ သည်းသည်းထန်ထန် ငိုမိတာလဲဆိုတာကိုလဲ နားမလည်ဘူး။ တကယ်ဆို အနိုင်ကျင့်ခံရတုန်းက ငိုသင့်တာမဟုတ်ဘူးလား။

ရွယ်ယောင်ယောင်က ထိုသို့ငိုမိခြင်းသည် နွေးထွေးသည့် ထွေးပွေ့မှုကြောင့် ဖြစ်လိမ့်မည်ဟု တွေးတောလိုက်ပေသည်။ ထိုမထင်မှတ်သော အပြုအမူလေးက နွေးထွေးကြင်နာလွန်းသောကြောင့် စော်ကားပုတ်ခတ်သမျှကို သူမ ကျော်ဖြတ်နိုင်သွားသည်ဟု ထင်မိပေသည်။

"မရှိတော့ဘူးလား အား နှမြောစရာပဲ့"

ဖူကျို့က သူမ၏ ဗိုက်ကို ပုတ်ပြလျက် စိတ်ပျက်စွာ ညည်းညူလိုက်လေသည်။ ထို့နောက် သူမ၏ ဘယ်လက်ကို ရုပ်လိုက်ပြီး ရွယ်ယောင်ယောင်အား တုတ်ထိုးသကြားလုံး ကမ်းပေးလိုက်ကာ ပြုံးပြလိုက်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Donde viven las historias. Descúbrelo ahora