အပိုင်း (၁၀၃) အရှင်ကျို့ရဲ့ ဂိမ်းစွမ်းရည် (သိပ်မိုက်တာပဲ)

1.4K 128 1
                                    

အပိုင်း (၁၀၃) အရှင်ကျို့ရဲ့ ဂိမ်းစွမ်းရည် (သိပ်မိုက်တာပဲ)

ဖူကျို့က ချင်မော့နှင့် စာပို့ပြီးသည်နှင့် သူမ၏ ဖုန်းဆီက wifi hotspot ကို ဖွင့်လိုက်သည်။ သူမဟာ ဒီဇိုင်းဆင်ထားသည့် အင်္ဂလိပ်စာအုပ်ကို စားပွဲပေါ်တွင် ထောင်လျက် ထားလိုက်ပေ၏။

အတန်းထဲမှာ ရှိသူတိုင်းက သူမစာဖတ်နေသည်ဟု ထင်နေကြကာ ထိုသူတွေအထဲ၌ အင်္ဂလိပ်စာဆရာမလည်း အပါအဝင် ဖြစ်လေသည်။

သူမဘေးမှာ ထိုင်နေသည့် ရွယ်ယောင်ယောင်သာလျှင် ဖူကျို့က အင်္ဂလိပ်စာအုပ်ကို ကြည့်မနေဘဲ လက်တော့အသေးတစ်လုံးကို ကြည့်နေတာ သိပေ၏။

ရွယ်ယောင်ယောင်က အလွန်အမင်း အံ့သြဖွယ်ကောင်းသည့် အနုစိတ်ပြီး သေးငယ်သော လက်တော့ကို ကြည့်လိုက်လေသည်။ သူမဟာ အတော်လေး အံ့အားသင့်သွားတာကြောင့် မအော်လိုက်မိဖို့ သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ရပေသည်။ ရွယ်ယောင်ယောင်က ဖူကျို့၏ လျှို့ဝှက်ချက်ကို ဆရာ မသိအောင် ဖုံးထားပေးခဲ့သည်။

ဒီပြောင်ရှင်းနေတဲ့အင်္ဂလိပ်စာအုပ်က ဖွင့်လိုက်တာနဲ့ လက်တော့အဖြစ်သို့ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ သူ..သူ ဒီဟာကိုဘယ်လိုလုပ်လိုက်တာလဲ။

ထိုလူငယ်၏ ပြီးပြည့်စုံသည့် ပုံရိပ်ကို ကြည့်ရင်း ရွယ်ယောင်ယောင်၏ မျက်လုံးများက မတည်မငြိမ် ဖြစ်နေပေတော့၏။

သူမက အံ့သြလွန်းသောကြောင့် စကားပင် မပြောနိုင်တော့ချေ။ ဒီလိုလက်တော့မျိုးကို ဘယ်သူကမှ ဘယ်နေရာမှာ ဝယ်၍ရနိုင်မှာမဟုတ်ပေ။ တစ်နည်းအားဖြင့် ဒီလက်တော့၌ ကိုယ်ပိုင်တံဆိပ် ခတ်နှိပ်ထားခြင်းမျိုးလည်း မရှိပေ။

ကွန်ပျူတာနှင့် ပတ်သက်သည့် အခြေခံအသိလေးများ ရှိထားသူတစ်ယောက်သည် ထိုလက်တော့ကို ကြည့်လိုက်ခြင်းအားဖြင့် အဆင့်မြင့်အစိတ်အပိုင်းများနှင့် ကိုယ်တိုင်ပြုလုပ်ထားသည့် လက်တော့မှန်း အတပ်သိနိုင်ပေ၏။

ဒီ..ဒီလိုဆိုရင် ဘာလို့ သူ့မှာ ဒီလိုလက်တော့ရှိနေရတာလဲ။

သူက ဒီအတိုင်း သာမန်ကျောင်းသားလေးတစ်ယောက်ပဲလေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now