အခန်း (၅၁)

1.8K 190 2
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း(၅၁) ဖူကျို့က ချင်မော့ကို ထပ်ပြီး မြူဆွယ်ပြန်တယ်

ချင်မော့က ဖူကျို့ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ့မျက်ဝန်းအကြည့်များက နက်ရှိုင်းလွန်းသဖြင့် မည်သည့်အရာများ တွေးနေလဲဆိုသည်ကို ခန့်မှန်းကြည့်လို့ မရအောင်ပင် ဖြစ်နေတော့သည်။

"အစ်ကိုကြီးချင် ကျွန်တော်တို့ဖူမိသားစုရဲ့အိမ်ရာကို ရောက်ပါပြီ"

ဖက်တီးက ကားကို ရပ်လိုက်လေသည်။

ကျောက်ပုစွန်များကို လက်မောင်း၌ တင်းတင်းကြပ်ကြပ်ကိုင်ထားသည့် ဖူကျို့က ချင်မော့ကို တစ်ချက်ကြည့်လိုက်သည်။ ဖူကျို့က ချင်မော့ကို ခေါင်းစောင်းကာ ပြုံးပြလိုက်ပြီး

"ဒီလိုဆိုရင် ငါလေး သွားတော့မယ်နော်၊ ကြီးမြတ်လှတဲ့ သခင်လေးချင်ရေ အိမ်ပြန်ပို့ပေးလို့ကျေးဇူးပါ၊ ခဏလေးနေရင် အွန်လိုင်း မှာတွေ့မယ်နော် တာ့တာ"

သူတို့နှစ်ယောက်က တူတူထိုင်နေကြဆဲဖြစ်သည်။ ချင်မော့က ဖူကျို့၏ အပြစ်ကင်းသည့် မျက်နှာလေးကို ဘေးဘက်မှ မြင်နေရသည့်အပြင် ရှုပ်ပွနေသည့်ဆံပင်များက ဖူကျို့မျက်နှာပေါ်၌ တစ်စနှစ်စ တွဲကျနေသည်ကိုလည်းရှင်းရှင်းလင်းလင်း မြင်ရပေသည်။

သည်မျက်နှာလေးကို ကြည့်ပြီး ချင်မော့ သည်းမခံနိုင်သည့် အဆုံး၌

"ဒီလောက်ပဲလား အခြားတစ်ခုခု ထပ်မပြောတော့ဘူးလား"

အမ်... အခြား ဘယ်ဟာပြောရမှာတုံးဟဲ့။

"အိမ်ကို ဂရုစိုက်ပြန်နော် ဟုတ်ပြီလား၊ အိမ်ပြန်ရောက်ရင် မက်ဆေ့ချ်ပို့ဖို့ မမေ့နဲ့နော်၊ ဘော့စ်တွေ တူတူသတ်ဖို့ နင်လေးကို ခေါ်လိုက်မယ်လေနော်"

ဖူကျို့က လှည့်လိုက်ပြီး ချင်မော့နဖူးထက်က ဆံနွယ်များကို သူမ လက်ချောင်းလေးဖြင့် ပွတ်သပ်လိုက်လေသည်။

"တကယ်လို့ ကြီးမြတ်လှတဲ့ သခင်လေးချင်က ဘော့စ်တွေ တူတူသတ်ပေးမယ်ဆိုရင် ငါလေးကို ပိုက်ဆံပိုပေးကြမှာလေ ဟုတ်တယ်ဟုတ် "

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now