အခန်း (၈၂)

1.6K 159 1
                                    

အပိုင်း (၈၂) ချင်မော့က ဖူကျို့ကို အစ်ကိုကြီးလို့ခေါ်ခိုင်းတယ်

ဘာပဲဖြစ်ဖြစ် ဒီကြီးမြတ်လှတဲ့ သခင်လေးချင်က တစ်ရက်နှစ်ရက်လေးပဲ အရှက်မရှိမှာတော့ မဟုတ်ဘူး။                                                                                                                                                                                                                                                                                              ဒါပေမဲ့ ဒီ hardware ကတကယ့်ကိုကောင်းတယ်။

အဓိကအချက်က ငါလေးရဲ့ကိစ္စကို အမှန်ပြန်ရောက်အောင် ဖြေရှင်းပေးတာပဲလေ။

ဖူကျို့၏ နှုတ်ခမ်းပါးလေးတွေဟာ ကွေးညွတ်သွားလေသည်။

သူမက ရှေ့သို့တစ်လှမ်းလျှောက်သွားလိုက်ကာ သူမ၏လက်ကို မြှောက်လိုက်ပြီး ချင်မော့၏ ပခုံးကို ကိုင်လိုက်လေသည်။ သူမက ချင်မော့ကို စနောက်ချင်လာလေသည်။

သို့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ချင်မော့ အလျင်အမြန်တုံ့ပြန်လိုက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူ့ပခုံးဆီသို့ သူမလက်မရောက်ခင် ချင်မော့က ဖူကျို့၏ လက်ကောက်ဝတ်အား ဆွဲလိုက်ပြီးတော့ သဘာဝကျကျဖြင့် သူမ၏ခန္ဓာကိုယ်ကို အနီးမှာရှိသည့်နံရံဆီသို့ ကပ်ထားလိုက်လေသည်။

သူ့အသက်ရှုသံများက    အေးစက်နေပေသည်။

"မင်းရဲ့လက်ဖဝါးတွေကို ထပ်ပြီးတော့မလိုချင်တော့ဘူးနဲ့ တူတယ်"

ဖူကျို့က တလက်လက်တောက်ပနေသည့် မျက်လုံးဖြင့် ရယ်နေဆဲဖြစ်လေသည်။

"ကြီးမြတ်လှတဲ့သခင်လေးချင် ငါလေးက နင်ရဲ့နားရွက်တွေက ဆတ်ဆတ်အထိမခံဘူးဆိုတာကို သတိရသွားလို့ပါ"

သည်ပတ်ဝန်းကျင်၌ လူတွေအများကြီး ရှိနေကြတာ ဖြစ်သည်။

သည်လိုမြင်ကွင်းကို မြင်လိုက်ရသောလူများ၏ မျက်လုံးများက ပြူးကျယ်သွားပေတော့သည်။

အထူးသဖြင့် ထိုမြင်ကွင်း၏ ဘေးဘက်မှာရပ်နေသော ဆိုင်မန်နေဂျာ။ သူက စတင်ပြီးတော့

တဆတ်ဆတ် တုန်လုနီးပါးဖြစ်နေလေ၏။

ကမ္ဘာပေါ်မှာ ဒီ....ဒီလိုဟာမျိုးလည်းရှိသေးတာလား။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now