အခန်း (၂၀)

1.8K 221 3
                                    

ဘာသာပြန်သူ JustCBond

အပိုင်း (၂၀) ဖူကျို့ရဲ့ စူပါပါဝါက သောက်ရမ်းမိုက်တယ်

ဘယ်လိုဖြစ်ဖြစ် ကျောင်းပြန်တက်သည် မတက်သည်က ဖူကျို့အပေါ်၌ မူတည်လေသည်။

ဟယ်ဟုန်ဟွာက ဖူကျို့စကားကို အတည်မမှတ်လေဘဲ ထိုစကားက သူမကို နှစ်သိမ့်ပေးရန် ပြောသည်ဟု တွေးယူလိုက်လေသည် ။

အကယ်ဤ သူမသာ သည်ထက်ပို၍ အာရုံစိုက်ခဲ့မည်ဆိုရင် ဖူကျို့ ထိုကိစ္စကို ယနေ့ည၌ အကောင်ထည်ဖော်မည်ကို ခန့်မှန်းမိနိုင်လေသည်။

"သခင်လေး ညဘက်ကြီးဘယ်သွားမလို့လဲ "

ချန်ရှောင်တုံးက သူမ အနောက်သို့ စိုးရိမ်တကြီး လိုက်လာလေသည်။ သူ့သခင်လေး စိတ်ရှုပ်နေသည့်အချိန်တိုင်း ကလပ်သို့သွားကာ ပိုက်ဆံသွားဖြုန်းလေ့ရှိလေသည်ကို သိနေသောကြောင့်ပင်။

ဒီတစ်ကြိမ်တော့ သခင်လေးထုတ်မပြောပေမဲ့ ကျောင်းကနေ အထုတ်ခံရလို့ ပျော်တဲ့သူဆိုတာ ဘယ်မှာရှိလို့လဲ၊ ငါနားလည်ပြီ၊ တကယ်လို့သခင်လေး ညဘက်ကြီးကလပ်သွားမယ်ဆိုရင် သူသခင်မကြီးကို ပြောမှာမဟုတ်ဘူး။

ဒါပေမဲ့ သူလန့်သွားတာက သူ့သခင်လေးက အင်တာနက်ဆိုင်သွားမယ်တဲ့လေ။

အင်တာနက်ဆိုင်။

ချန်ရှောင်တုံးက ရူးသွားမတတ် စိတ်ရှုပ်သွားလေတော့သည်။

ဖူကျို့က သူမ၏IDကို ထုတ်ပြလိုက်ပြီး ဆိုင်ပိုင်ရှင်ကို သူမအတွက် စက်တစ်လုံး အသင့်ပြင်ပေးထားရန် ပြောလိုက်သည်ကို ချန်ရှောင်တုံးမြင်လိုက်ရလေသည်။ ထိုနောက် သူမက နားကြပ်တပ်လိုက်ပြီး သူမကို ကြည့်ရသည်မှာ အလွန်ကြည့်ကောင်းနေလေသည်။

"သွား ငါ့အတွက်စုပ်လုံးသကြားလုံးတွေ ဝယ်လာခဲ့ပေး"

"ဟမ် "

ချန်ရှောင်တုံးက စိတ်ရှုပ်ထွေးနေဆဲဖြစ်သည်။

ဖူကျို့က သူမ၏ပိုက်ဆံအိတ်ကို သူ့လက်အတွင်း ထိုးထည့်လိုက်ပြီး ကွန်ပျူတာကို ဖွင့်ရန် ခလုတ်နှိ ပ်လိုက်လေသည်။

"ချောကလက်အရသာနဲ့ ရေ နှစ်ဘူးနော် ငါဒီနေရာမှာ တစ်ညလုံးနေမှာ"

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now