အခန်း (၄)

2K 230 2
                                    

ဘာသာပြန်သူ JustCBond

အခန်း (၄) ခပ်မိုက်မိုက်ပါးရိုက်ကြမယ်

သည်အပြုံးကြောင့် ထိုမိန်းကလေးတစ်သိုက်သည် သူတို့၏ အသည်းနှလုံး၌ အကြောက်တရားများ စိုးမိုးလာပြီး ဖော်ပြ၍မရနိုင်အောင် ရင်တဆတ်ဆတ် တုန်လာလေသည်။

ဖူကျို့ကို ပြဿနာရှာတဲ့နေရာမှာ ဦးဆောင်တဲ့ မိန်းကလေးတစ်ယောက်ကတော့ ခြားနားစွာပြုမူနေတယ်။ အထူးသဖြင့် ဟော်စီယွီလို့ခေါ်တဲ့ကောင်မလေး၊ ဒီအနိုင်ကျင့်ကြမဲ့ မိန်းကလေးတစ်သိုက်ကို ဦးဆောင်လာတဲ့ မယ်မင်းကြီးမပေါ့။

ဟော်စီယွီက သူမ၏မျက်လုံးများကို မှေးစင်းလိုက်ပြီး ဖူကျို့ကို အထင်သေးစွာ နှာခေါင်းရှုံ့ပြီး ကြည့်လိုက်သည်။

"သခင်လေးချင်ဆီက ခပ်ဝေးဝေးနေဖို့ ငါ နင့်ကို အရင်တည်းက သတိပေးထားပြီးသားနော်၊ နင်က တကယ်စကားနားမထောင်ဘူးပဲ၊ ဒါပေမဲ့ ကြည့်ရတာ နင် အရင်တစ်ခါက ပေးလိုက်တဲ့သင်ခန်းစာကို မမှတ်သေးဘူးနဲ့ တူတယ်၊ ဒီကန်တင်းဆီကိုတောင် လာရဲသေးတယ်ပေါ့ ဟုတ်လား နင်မှတ်သားလောက်အောင် နောက်တစ်ခါ နင့်အခွက်ကို ငါရေနဲ့ပက်ပေးရဦးမှာလားပြော"

သူမရဲ့မင်းသားလေးကို ဒီအခြောက်ကောင်က ခွက်ရှ်ရဲသေးတယ်တဲ့လား။ ယုတ္တိမရှိလိုက်တာ ဒီအကြောင်းက သူမကိုသွေးတက်ပြီးသေအောင်လာဆွနေသလိုပဲ။

"သူ့ကို အိမ်သာထဲဆွဲခေါ်သွားကြစမ်း၊ ဒီနေ့တော့ သူ့အဆင့်အတန်းက ဘာလဲဆိုတာရယ်နဲ့ ဘယ်နေရာကို လာခွင့်မပြုတာလဲဆိုတာကို ကောင်းကောင်းကြီးသိအောင်လုပ်ပေးမယ်"

ဟော်စီယွီက သူများတွေကို အနိုင်ကျင့်သည့်နေရာ၌ တော်တော် နာမည်ကြီးသည်။ သူမက ကြည့်မရသည့်သူများကို တော်တော်ကြီး ဆိုးဆိုးဝါးဝါး အုပ်စုလိုက်အနိုင်ကျင့်တတ်သည်။ ထိုအနိုင်ကျင့်သည့် အကြောင်းအပြင်ကို ပြန့်သွားသည်နှင့် သူမကထိုအကြောင်းဖွသည့်သူကို အိမ်သာအိုးထဲ ဆွဲနှစ်ပြီး ထပ်မပြောရဲအောင် လုပ်လေ့ရှိသည်။ ယနေ့တော့ ဖူကျို့အလှည့်ရောက်လာခဲ့သည်။ ဒုက္ခလှလှကြီးတော့ ရောက်ရှာပြီ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now