လက်ရှိတွင် လက်ရွေးစင်အသင်း၌ နည်းပြအသစ်မရှိဘဲ နောက်ထပ်စီစဉ်မှုများ ဘာဖြစ်လိမ့်မည်ကို မသိရပေ။ 

မိုဟန်တျန်းသည် စိတ်မကြည်သောကြောင့် သူ၏အခြားအကောင့်တစ်ခုထဲသို့ ဝင်ကာ အွန်လိုင်းဂိမ်းကစားရန် ပေါ့ပေါ့ပါးပါး ဝင်လာခဲ့သည်။ 

သူသည် လက်ရွေးစင်အသင်း၏ အဓိကသေနတ်ပစ်သမားဖြစ်သောကြောင့် မူလတန်းကျောင်းသားများ၏ အပေါင်းအနှုတ်တွက်ချက်ခြင်းအား လုပ်နေသည့် သင်္ချာပါမောက္ခကဲ့သို့ အပိုင်း 2000အား ကစားနေခဲ့သည်။ ၎င်းမှာလွယ်လွယ်လေးပင်ဖြစ်သည်။ သူသည် မိမိကိုယ်ကိုယုံကြည်မှု အနည်းငယ်ပြန်လည်ရရှိရန် အားနည်းသူများအား နှိပ်စက်ရန်လိုသည်။

ကစားပွဲမှာအမြန်စတင်ခဲ့ကာ ကျန်းရှောင်ယွီသည် ‘ပုန်းသူ’ အသင်းဆီသို့ ကျပန်းကျရောက်သွားခဲ့သည်။ 

ဤမြေပုံမှာ တိုက်ခိုက်ရန် ပုန်းသူများအတွက် ပို၍ပင်ခက်ခဲလှသည်။ တစ်ဖက်အခြမ်းမှ သေနတ်ပစ်သမားသည် အဆောက်အဦးအမြင့်‌ပေါ် သေနတ်တပ်ဆင်ကာ အကွာအဝေးမှာ မြေပုံတစ်ခုလုံးနီးပါးအား ဖုံးလွှမ်းနိုင်သည်။ အားကောင်းသောသေနတ်ပစ်သမားမှာ သူတို့ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့အားသတ်ပစ်နိုင်သည်။ အနီးကပ်တိုက်ပွဲနှင့် ပေါ့ပါးသွက်လက်သော နေရာယူခြင်းဖြင့် အဆောက်အဦးများအား သေနတ်ပစ်သမားမမြင်နိုင်ရန် အဟန့်အတားများအဖြစ် သုံးနိုင်သည်။

သူ၏အသင်းဖော်များ ပြေးထွက်သွားခဲ့သည်။

Fruit Pie နှင့် Pudding Jelly မှာ အသံချန်နယ်တွင် စကားပြောခဲ့သော ဦးလေးများဖြစ်သည်။ သူတို့နှစ်ယောက်လုံး သေနတ်များကိုင်ဆောင်သွားကာ ဘယ်ဘက်လမ်းသို့သွားစဉ်တွင် Gun King No. 77မှာလည်း ဘယ်ဘက်လမ်းသို့သွားခဲ့သည်။ 

ကျန်းရှောင်ယွီသည် သူ၏အသင်းသားများ၏ နေရာအားစိုက်ကြည့်ကာ Doudou အားညာဘက်သို့ ခေါ်သွားခဲ့သည်။ သူသည် လေကဲ့သို့ ‌အဆောက်အဦးထဲ ခိုးဝင်သွားကာ Doudou မှာသူ့နောက် ချက်ချင်းလိုက်ခဲ့သည်။

သေနတ်ပစ်သံစတင်ပြီးနောက် မိနစ်ဝက်လောက်တွင် မြေပုံ၏ အနောက်မြောက်နေရာမှ ကြည်လင်ပြတ်သားသော သေနတ်သံကိုကြားခဲ့သည်။ 

ရွှေအဆင့်နည်းပြOù les histoires vivent. Découvrez maintenant