သေနတ်ဘုရင်ဟူသည့်ခေါင်းစဉ်မှာ နယ်ပယ်ဆာဗာတစ်ခုချင်းစီအတွက် ရာသီတစ်ခုချင်းစီ၏ ထိပ်တန်းအယောက်၁၀၀ဆီသို့ ကန့်သတ်ထားခဲ့သည်။ ဥပမာအားဖြင့် တရုတ်ပြည်နယ်ရှိ အရည်အသွေးပြည့်မီသော ပြိုင်ပွဲတွင် လူသန်းပေါင်းများစွာရှိသည်။ ၎င်းသည် နိုင်ငံတွင် ထိပ်တန်းအယောက်၁၀၀ထဲဝင်ရန် မည်မျှခက်ခဲသည်ကို စိတ်ကူးယဉ်ကြည့်နိုင်သည်။

ကျန်းရှောင်ယွီ၏ အခြားအကောင့်မှာ ပြိုင်ပွဲကျင်းပရာနယ်ပယ်တွင် ကစားလေ့မရှိသလို မည်သည့်သူငယ်ချင်းကိုမျှ လက်မခံထားခဲ့ပေ။

ငါးနှစ်ရှိပြီဖြစ်သော ပြည်တွင်းဆာဗာအကောင့်အား ဝင်လိုက်ကာ ညာဘက်အပေါ်ထောင့်တွင် စနစ်အချက်အလက်များစွာ ပေါ်ထွက်လာခဲ့သည်။ သူတို့မှာ များစွာသော လုပ်ဆောင်မှုများ၏ အချက်အလက်အားလုံးဖြစ်သည်။ ကျန်းရှောင်ယွီသည် တစ်ချက်တည်းနှင့် စနစ်အချက်အလက်အားလုံးကို ဖျက်ပစ်ခဲ့သည်။ ထို့နောက်သူသည် စာတိုက်ပုံးကိုနှိပ်လိုက်ကာ ပြန်လာသည့်အတွက်ဆုတစ်ခုကို မြင်တွေ့ခဲ့သည်။

[AWM-Ice Flame] × ရက်၃၀

[AK-47-Ice Flame] × ရက်၃၀

[Titan Twin Stars-Ice Flame] x ရက်၃၀

[ပျားဆိပ်ရှိသော ဓားမြှောင်] x ရက်၃၀

[အဆင့်ထိန်းသိမ်းခြင်းကတ်] x ၅ခု

ဤ‌အကောင့်သို့ပြန်ရောက်လာသောကြောင့် စနစ်မှပေးအပ်ခဲ့သောဆုများမှာ အတော်များပြားသည်။ လက်နက်များအားလုံးမှာ ရေခဲမီးလျှံပုံစံစီးရီးများဖြစ်ကာ ရက်သုံးဆယ်ကြာ အသုံးပြုနိုင်ခဲ့သည်။ သူသည်အရည်အချင်းပြည့်မီသောပြိုင်ပွဲတွင် ရှုံးသွားပါက သူ၏စိတ်ဓာတ်ကျဆင်းကာ ဤအကောင့်အား ထပ်မံ‌လက်လျှော့လိုက်မည်ကို စိုးရိမ်သောကြောင့် ၎င်းသည်သူ့အား အဆင့်ထိန်းသိမ်းရေးကတ်ငါးခုကို ပေးခဲ့သည်။ ထိန်းသိမ်းရကတ်အား အသုံးပြုလိုက်သည်နှင့် သူသည်ဂိမ်းရှုံးသွားလျှင်ပင် အမှတ်များလျော့လိမ့်မည် မဟုတ်ပေ။

ကျန်းရှောင်ယွီသည် သူ၏စာတိုက်ပုံးအား ပိတ်လိုက်ကာ သူ၏သေနတ်လက်နက်များကို ဖွင့်လိုက်သည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now