အပိုင်း (63. 1)

730 101 2
                                    

(63. 1)

ပိုင် က မျိုးနွယ်စု စုန်းမ နှစ်ယောက်ကြားမှာ အနေရ ခက်စွာ ရပ်နေခဲ့လေတယ်။ အစကတော့ သူက ထိုနှစ်ယောက် လုံးကို မိတ်ဆက် ပေးချင်ခဲ့တယ်။ ဒီအခိုက်အတန့်မှာပဲ သူက ဒီလိုအနေအထား ဖြစ်လာခဲ့တယ်။ ခြေတစ်လှမ်း လောက် တိုးလိုက်ရုံနဲ့တင် သူတို့အချင်းချင်း ကြည့်နေတာ ကို ပိတ်ဆို့ နိုင်ပေမယ့် သူ့အဲ့လို မလုပ်ရဲပေ.....  ဒါကြောင့် အဲ့အတိုင်းလေးပဲ မတ်တပ်ရပ် နေလေတယ်။

မို က ထို နှစ်ယောက်ကို ကြည့်လိုက်တယ်။

သူတို့တွေက အကြာကြီး တစ်ယောက်ကို တစ်ယောက်စကား မပြောပဲ ကြည့်နေတာ က ဘာကို ဆိုလိုချင်တာလဲ?

'' ခများတို့က ဘာလုပ်နေကြတာ လဲဟင်?''

ပိုင်က သူ့ရဲ့ မျက်နှာပေါ်မှာ မေးလိုဟန်နဲ့ပြောလာခဲ့တယ်။

'' ဒီအတိုင်းပဲ ...... အချင်းချင်း ကြည့်နေတာလေ ''

အဲ့စကားကို ချီဟန် ကြားလိုက်ရတဲ့ အချိန်မှာ ပြုံးမိမလိုတောင် ဖြစ်သွားပြီးတော့ သူ့ရဲ့ အလုပ်ကိုတောင် ပျက်စီး စေတော့မလိုပဲ ။

'' အမေ ငါ အဲ့တာကို လိုချင်တယ် ''

ချီဟန်က ချန်းရှီးလေး ကို ချီ ပြီးတော့ အဲ့နေရာမှာ ရပ်နေဆဲ ပဲ ရှိသေးတယ်လေ။ နေရာကနေ တစ်ဏလောက် မလှုပ်လိုက်တာ နဲ့ ကလေးမ လေး က အနည်းငယ် ပျင်းလာပြီပဲ ဖြစ်လေတယ်။ သူမရဲ့ လက်ထဲမှာ အရုပ်အသစ်တွေ ကိုင်ထားပြီးသား ဖြစ်ပေမယ့် နောက်အသစ်တစ်ခု က သူမကို ဆွဲဆောင် နိုင်ဆဲ ဖြစ်လေတယ်။

ချန်းရှီး က ချီဟန် လက်ထဲကနေ ကော့ထိုးပြီး ရုန်းကန်နေခဲ့တယ်။ သူမကို အောက်ချပေးလိုက်ရော သူမက ရတနာပုံကြီး ဆီကို မပြေးပဲ ပင်လယ်မျိုးနွယ်စု စုန်းမ ဆီကို တိုက်ရိုက်ပဲ ပြေးတော့တယ်။

ချီဟန်နဲ့ ပင်လယ်မျိုးနွယ်စု စုန်းမတို့က အချင်းချင်း စိုက်ကြည့်ပြီးတော့ မျက်လုံးအော်ရာတွေ ပြိုင်မနေကြတော့ပဲ သူတို့ရဲ့ အကြည့်တွေက အငယ်လေး အပေါ်ကို ကျရောက်နေခဲ့တယ်။

ကလေးမလေး က လမ်းလျောက် သင်ပြီးပြီ ဖြစ်ပေမယ့် သူမက ကောင်းကောင်း မလျောက်တက်သေးပေ။ သူမလေး က လမ်းကောင်းကောင်း မလျောက်နိုင်တော့တာ ကြောင့် ပြေးပြီးတွားသွားဖို့ လုပ်တာ ကို တွေ့တော့ သူမလေး အနာတရ ဖြစ်မှာစိုးတဲ့ အတွက် အနောက် ကနေ လိုက်လာခဲ့လေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now