အပိုင်း (61.2)

472 76 0
                                    

(61.2)

ထိုပင်လယ်လူသား က ချီဟန်ရဲ့ လက်ထဲက သားပေါက် လေးကို ကြည့်ပြီးတော့ အနည်းငယ် နောင်တရ ဟန် ပေါ်သွားပေမယ့် သူက ရှင်းရှင်းလင်းလင်း မပြ သ ခဲ့ပေ။

''ဟို ရှေ့နားလေး မှာ သားရဲလူသား အိုကြီး ရှိတယ်။ သူက ကလေးတွေ ကြိုက်နှစ်သတ်တဲ့ အရုပ်ကလေးတွေ လုပ်တက်တယ်။ မင်း သူမကို ခေါ်ပြီးတော့ သွားပြလို့ရတယ် ''

'' ကောင်းပြီ။ ကျေးဇူးတင်ပါတယ်''

'' တုံ ၊ မင်း သားရဲလူသား တစ်ချို့ကို ခေါ်သွားပြီးတော့ အမဲလိုက် လိုက်ပါ။ ငါတို့ ပြန်သွား တဲ့ အချိန်ကျရင် ဒီနေရာက အစေ့တွေကို ပြန်ယူသွားဖို့ လဲ လှယ် ရအောင်လို့လေ ''

'' ကောင်းပြီ၊ စျေးထဲကနေ ထွက်မသွားနဲ့။ ကိုယ်တို့ မကြာခင် ပြန်လာခဲ့မယ် ''

'' အင်း ''

လင်းယုန်လူသား တစ်ယောက်သာ ချီဟန်နဲ့ ယန်မင်းကို စောင့်ရှောက်ဖို့ ​ကျန်နေပြီးတော့ တစ်ခြားကျန်တဲ့ သူတွေအကုန်လုံး အမဲလိုက်ဖို့ တုံရဲ့ အနောက်ကို လိုက်သွားလေတယ်။ ချီဟန် က ချန်းရှီးလေးကို ပွေ့ပြီးတော့ အစောက ပင်လယ်လူသား ညွှန်ပြလိုက်တဲ့ အရုပ်တွေ လဲလှယ်လို့ ရတဲ့ ဆိုင်ကို လမ်းလျောက်သွား လေတယ်။

အဲ့နေရာက ရှာရတာ အတော်လေး လွယ်ကူပြီးတော့ စုဝေးပွဲ တစ်စျေး လုံးရဲ့ ကလေးငယ်တွေ အကုန်လုံး အဲ့ ဆိုင်မှာ စုဝေး နေကြတယ်လေ။

ချီဟန် က အကွာအဝေး တစ်ခု ကတင် သူမသိတဲ့ ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ လေရဟတ် အသေးလေးဟာ ပင်လယ်လေ ပြေတွေကြောင့် လည်ထွက်နေခဲ့ ပါတယ်။

လေရဟတ်လေး က ကြည့်လို့ကောင်းပေမယ့် အရောင်တွေ က အရမ်းကြီး မစုံ ပါပေ။ လူအိုကြီးရဲ့ လက်ထဲမှာ ပလုတ်တုတ် ဗုံလေး တွေ ရှိနေပြီးတော့ သူကအဲ့တာကို လှုပ်ခတ်ကာ ဘေးပတ်ဝန်းကျင် က သားရဲလူသားတွေကို ဆွဲဆောင်နေခဲ့တယ်။

ပလုတ်တုတ် ဗုံလေး ရဲ့ အသံကို ကြားလိုက်ရတဲ့ အခါ ချန်းရှီးလေး က ငိုဖို့တောင် မေ့လျော့ သွားပါပြီ။

'' မင်း ဒါကိုဘာနဲ့ လဲမလဲ? ''

'' ဒီအရွယ်အစားလောက် ရှိတဲ့ ပင်လယ်ငါး တစ်ကောင်ဆိုရင် တစ်ခုနဲ့ လဲပါတယ် ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now