အပိုင်း (13.1)

3K 497 10
                                    

(13.1) 

လူအုပ်ကြီး က ရေခဲ ပြင်ပေါ်မှာ မတ်တပ်ရပ်နေကြပြီးတော့ လူလေး​ယောက် ပါတဲ့ အုပ်စု တစ်ခု က အစွန်းမှာ အချွန်ပါတဲ့  ကျောက်တုံး အကြီးကြီးကို အသုံးပြုပြီးတော့ ရေခဲပြင်ရဲ့ အလယ်မှာ အပေါက် အကြီးကြီး တစ်ခု ဖြစ်အောင် လုပ်နေခဲ့လေတယ်။

ချီဟန်က ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို နားမလည် နိုင်သေးတဲ့ အချိန်မှာပဲ ထို အပေါက်ကြီးထဲကနေ လေးမီတာ ကြီးတဲ့ ငါးကြီးတစ်ကောင်က ခုန်ထွက် လာခဲ့လေတယ်။ ငါးကြီးရဲ့ ချွန်ထက်နေတဲ့ သွားစွယ်တွေက အေးစက်စွာ အလင်းပြန်နေခဲ့ပါတယ်။

အနည်းငယ်လောက် ထိုကောင်ကြီး ခုန်ပြီး သွားတဲ့နောက် ငြိမ်ကျသွားတော့မှ ထိုသားရဲထီး လေးကောင်က ပြေးသွားပြီး ထိုအကောင်ကြီးကို ကမ်းခြေ ဆီကို ဆွဲတင်ပြီးတော့ နောက်ထပ် တစ်ကောင် ခုန်တက် လာမှာကို စောင့်ဆိုင်း နေခဲ့ကြလေတယ်။

အစတုံးက ချီဟန် တွေးမိတာက သူတို့တွေ ငါးဖမ်းမယ် ဆိုတော့ ပိုက်ကွန် သုံးမယ်လို့ ထင်နေခဲ့တာ။ ဒါပေမယ့် ဒီငါးဖမ်းတာမှာ သူတို့က ငါးဖမ်းပိုက်ကွန်ရော ၊ ငါးမျှား တံ ရော မသုံးခဲ့ပါပေ။

တကယ်လို့ ငါးဖမ်းပိုက်ကွန် သာ သူတို့ သုံးခဲ့ မယ်ဆိုရင် သားရဲထီးတွေက ထိုငါးတွေကို မဆွဲတင်နိုင်မှာကို ကြောက်ရွံ့နေမိမှာပဲ။

ငါးတွေ က အရမ်းကြီး မ​ကြီးလွန်းနေဘူးလား။

ကမ်းခြေမှာ တောင် သားကောင် တွေ အများကြီး မရှိပါပဲနဲ့ သူတို့က ဘယ်လိုမျိုး အသက်ဆက်ရှင် နေရတာလဲ?

ကြည့်ရတာတော့ ရေထဲမှာ အစားအစာတွေ အများကြီး ရှိလောက်တယ်။ ဒါပေမယ့် မိကျောင်းတွေက ကုန်းနေရေနေ သတ္တဝါ မလို့ ကမ်းခြေမှာပဲ နေတာ များလို့ပဲ ဖြစ်ရမယ်။

ငါးမျှားတာ ၂ရက်လောက် ကြာပြီးတဲ့နောက် ချီဟန်က တုံကို အပြင်ဘက်ဆီ မလွှတ်တော့ပေ။ သူ့ရဲ့ ဘောင်းဘီလေးဆို တိုနေပြီးတော့ အဝတ်တွေ ကလည်း ကျပ်နေကာ လက်ကလည်း လုံလောက်အောင် မရှည်တော့ပါချေ။ ပြီးတော့ သူ အနည်းငယ်လောက် လှုပ်ရှားလိုက်တာနဲ့ သူ့ရင်ဘက်နားက အဝတ်ချုပ်ရိုးက ပြုတ်ထွက်တော့ မလိုပဲ။ ပြီးတော့ ဘောင်းဘီရှည် လို့သာပြောနေတာ ဒူးနားတောင် ရောက်တော့မယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Opowieści tętniące życiem. Odkryj je teraz