အပိုင်း (51.1)

1.1K 172 0
                                    

(51. 1)

ချောင်ယွမ် မျိုးနွယ်က အထုပ်အပိုး တွေ ပြင်ပြီး သွားပြီ ပဲ ဖြစ်လေတယ်။ သူတို့ ထွက်သွားတော့မယ့် အချိန်ကျတော့မှ အဝေးကနေ မသဲမကွဲ ပုံရိပ် နှစ်ခု က ပျံ သန်းလာတာကို တွေ့ရလေတယ်။ အဲ့တာ ကတော့ အဖြူ တစ်​ယောက်နဲ့အမဲ တစ်​ယောက် တို့ပဲ ဖြစ်လေတယ်။

လူတိုင်းက လိမ်မာပါးနပ်စွာနဲ့ လူနာထမ်းယာဥ်တွေကို မြေပြင်ပေါ် ချပေးကာ ကောင်းကင်ပေါ်ကို ကြည့်နေကြလေတယ်။ အဲ့ ပုံရိပ် နှစ်ခု က ဖြစ်နိုင်ပါ့မလား.........  ။

သူတို့တွေ တစ်ဖြေးဖြေး နီးကပ်လာတဲ့ အချိန်မှာတော့ လူတိုင်းက သူတို့ကို သေချာ မြင်တွေ့ နေရပြီ ပဲ ဖြစ်လေတယ်။ အသေအချာကိုပဲ ထိုပုံရိပ် နှစ်ခု က ရှောင်ပိုင် နဲ့ မြွေမဲ တို့ပဲ ဖြစ်တယ်။

ဘယ်လို တွေ ဖြစ်ကုန်တာလဲ?

မြွေ မဲ က ဘာလို့ အသက်ရှင် နေဆဲ ရှိနေသေးတာလဲ?

ရှောင်ပိုင် က လူအုပ်ကြား ထဲကို ဆင်းလာပြီးတော့ လူနာထမ်းစင်ပေါ် က ပင်းနဲ့ ယန်မင်းကို တစ်ချက် ကြည့်ကာ ပြီးတော့ ချီဟန်ကို ပြန်ကြည့်လိုက်တယ်။

ကြောင်အ နေတဲ့ လူအုပ်ကြီး ကို လျစ်လျူ ရှုပြီးတော့ သူက လှည့်ကာ ကျားဖြူမျိုးနွယ်ရဲ့ စုန်းမ ဘေးကို လျောက်သွား လိုက်လေတယ်။ ပြီးတော့ မြွေမဲ ကလည်း ရှောင်ပိုင် နောက်ကနေ ကပ်ပြီးတော့ လိုက်သွားလေတယ်။

'' မျိုးနွယ်စု စုန်းမ ကျေးဇူးပြုပြီးတော့ သူ့အနာတွေကို ကုသပေးပါ''

ရှောင်ပိုင် က မြွေမဲ ကို လက်ညှိုး ထိုးကာ ပြောလိုက်တယ်။

သားရဲလူသား တွေက တုန်လှုပ်သွားလေတယ်။ သူတို့ရဲ့ အချိန်တွေ အကုန်ရပ်တန့် သွားသလိုပဲ။ လူတိုင်း က မလှုပ်ရှား ကြပေ။ ပြီးတော့ လူတိုင်း ကမိုးကြိုးပစ်ချ ခံလိုက်ရသလိုမျိုး အတောင့် လိုက်ကြီးတွေ ဖြစ်နေခဲ့တယ်။

ဘာများသွားတာလဲ?

အချိန်တို အတွင်း မှာ ဘာတွေ ဖြစ်ကုန် တာလဲ??

ရှောင်ပိုင် က ငတုံးလား?

'' ရှောင်ပိုင် ၊ သူက သေသင့်တဲ့ အပြစ်သားပဲ။ ဘာလို့ သူ့ကို ကုသပေးရမှာလဲ? ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Nơi câu chuyện tồn tại. Hãy khám phá bây giờ