အပိုင်း(32)

2.4K 398 18
                                    

(32)

အိမ်ဆောက်ရတဲ့ တာဝန်ကို လက်လွဲ ယူရတဲ့ သူတွေက တုံနဲ့ ချီဟန်တို့နဲ့ အစကတည်းက အတူတူ ပါလာတဲ့ သားရဲလူသား အိုတွေနဲ့ မသန်မစွမ်း သားရဲလူသား တွေပါပဲ။ အရင်က အိမ်တွေ ကိုလည်း သူတို့ က ပါဝင် ဆောက်ခဲ့ ဘူးတာ ဖြစ်တဲ့ အတွက်ကြောင့် သူတို့တွေက တကယ့်ကို ကျွမ်းကျင်တဲ့ အလုပ်သမားတွေ ဖြစ်နေကြပါပြီ။

ဂျိုရှည်သားရဲ တွေကို အမဲလိုက်တဲ့ အလုပ်တွေ ကတော့ သားရဲလူသားပျို တွေနဲ့ လင်းယုန်လူသား တွေကိုပဲ ပေးအပ်ထားလေတယ်။ ဒုတိယ တစ်​ယောက် အမဲလိုက်ခြင်း မှာတော့ ဂျိုရှည်ကောင် အုပ်စု အသေးတွေ ကိုပဲ ပစ်မှတ် ထားခဲ့လေတယ်။ တောင်ကြား ထဲက ဂျိုရှည်ကောင် အရည်အတွက် ကအကန့်အသက် ရှိတယ်လေ။ ဂျိုရှည်သားကောင်တွေ ပြည့်လုနီးပါး တောင်မှ ဖြစ်နေခဲ့တယ်လေ။

အမျိုးသမီးတွေနဲ့ သားရဲတစ်ဝက်တွေရဲ့ အဓိက လုပ်ဆောင်မှုကတော့ ခရမ်းရောင် အမြစ်တွေ တူးတာ ပဲ ဖြစ်လေတယ်။  ခရမ်းရောင် အမြစ်တွေကို စိုက်ပျိုးထားတဲ့ နေရာက ကျယ်ဝန်း သိပ်သည်းတဲ့ အတွက်ကြောင့် အရင်တုံးကလို ကြမ်းတမ်း တဲ့ တောတောင်တွေ ထဲ သွားတူးစရာ မလိုတော့ပဲ လုံလုံ ခြုံခြုံ အေးဆေးစွာ တူးနိုင်ပြီ ပဲ ဖြစ်လေတယ်။

တစ်ခြား မျိုးနွယ်စုက အမ တွေနဲ့ယှဥ်ရင် အမျိုးသမီး မျိုးနွယ်စုက အမတွေက မောက်မာ သက်သာ စရာမရှိခဲ့ပေ။ သူတို့ ရဲ့ မျိုးနွယ်တွင်းမှာ သားရဲတစ်ဝက် တွေ မရှိတာမို့ အမတွေ ကိုယ်တိုင်ပဲ ခရမ်းရောင် အမြစ်တွေကို တူးရလေ့ ရှိပါတယ်။ အခုချိန် မှာတော့ သူတို့ခမျာ ခရမ်းရောင် အမြစ်ရဖို့ ပတ်ပြေး နေစရာ မလိုတော့တဲ့ အတွက်ကြောင့် ပျော်ရွှင်စွာနဲ့ တူးနေကြလေတယ်။

လူတိုင်းက သူတို့ လုပ်ရမယ့် တာဝန်တွေကို ကျေကျေနပ်နပ်ကြီး ထမ်းဆောင်နေခဲ့ ကြတယ်။ ဆောင်းမဝင်ခင် တစ်လ အလိုမှာ ချောင်ယွမ် မျိုးနွယ်က လူတွေဟာ အစီတကျ အမိန့်ပေးအပ်မှု အောက်မှာပဲ လိုအပ်တာတွေကို ပြင်ဆင် ပြီးသွားပြီ ပဲ ဖြစ်လေတယ်။

အိမ်ဆောက်နေဆဲ လုပ်ငန်းက လွဲလို့ ရိတ်သိမ်း ရာသီ တစ်ဝက်ကနေ စလုပ်ရတဲ့ ပြင်ဆင်မှု တွေ အကုန်လုံး အပြီး သပ်ခဲ့ ပြီပဲ ဖြစ်လေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now