အပိုင်း (14)

3K 460 6
                                    

(14)

နှစ်လ ကြာပြီးတော့ ဟုန်ယွင်က စောဒက တက်လာတယ်။ သူနဲ့ လျန်ရဲ့ အရပ်က မ​ပြောင်းလဲ သွားပေမယ့် တုံ ရဲ့ အရပ်ကတော့ အရင်ကထက် ပိုပြီးတော့ ရှည်လာလို့ပဲ ဖြစ်လေတယ်။ တုံ က အခုဆို အရွယ်ရောက် သားရဲထီးရဲ့ ပုံစံကို ရောက်လုနီးပါး ဖြစ်နေခဲ့ပြီ။

ချီဟန်ကလည်း ထပ်ပြီးတော့ ထွားမလာခဲ့တော့ပေ။ ဒါကြောင့် တုံ အတွက် တွန့်ဆုတ်စွာနဲ့ အဝတ် ၂ စုံကို ထပ်ပြီးတော့ ချုပ်ပေး ရပြန်တယ်။ ဒီရှည်လျား လှတဲ့ ဆောင်း အပြီးလောက် ကျရင်တော့ ချီဟန်ရဲ့ အဝတ်ချုပ် စကေးတွေက အတော်လေးကို ကောင်းမွန်နေတော့မှာပဲ။

ရှည်လျား လှတဲ့ ဆောင်းရာသီကလည်း ပြီးဆုံးချိန် ကို ရောက်ရှိလို့ လာပြီးတော့ နှင်းတွေနဲ့ ရေခဲတွေ ကလည်း စတင်ပြီး အရည်ပျော်စ ပြုလာခဲ့ ပါပြီ။ ပြီးတော့ ငှက်တွေနဲ့ သားကောင်တွေ ကလည်း တောင်ပိုင်းမှာ ဆောင်းဦး စနေပြီ ဖြစ်တာကြောင့် အနွေးဓာတ် ရမယ့် မြောက်ပိုင်းကို ပြန်လည် ပြောင်းရွေ့ လာပြီ ပဲ ဖြစ်တယ်။ ထိုထဲမှာ အကောင်ကြီးတွေ လည်း ပါလာတာ ပေါ့လေ။

ခေါင်းဆောင် က သားရဲလူသား မိသားစုတွေကို ဆင့်ခေါ်ကာ ဘယ်လိုမျိုး ကင်းလှည့်ရမယ်၊ ဘယ်လို အုပ်စုဖွဲ့အမဲလိုက်ရမယ် ဆိုတာကို ခန့်ခွဲပေးခဲ့တယ်။ သူတို့ရဲ့ သိုလှောင်ရုံထဲမှာ မိကျောင်းရဲ့ အသား တွေ ရှိသေးပေမယ့် မလုံလောက် တော့ပါချေ။ ရာသီဥတုက မကြာခင် ပိုပြီးတော့ ပူနွေး လာပြီ ဆိုပေမယ့် သိုလှောင် ခန်းထဲက ဟာတွေက နှင်းတွေ အကုန်အရည်မပျော်ခင် ကုန်တော့မှာ ပဲ ဖြစ်လေတယ်။ အမဲ ထပ်လိုက် မလား။ မဟုတ်ရင်တော့ အစားလျော့စား ရတော့မှာပဲ ဖြစ်လေတယ်။

ဆောင်းရာသီမှာ အစာကို ဝလင်စွာ လုံလောက်အောင် စားနိုင်တာ က ရှားပါးတဲ့ အတွက်ကြောင့် အားအင်တွေ မရှိခဲ့တာ ဖြစ်ပြီး အခုဆိုရင် လုံလောက်အောင် စားရတာ မလို့ မျိုးနွယ်စု ထဲက သားရဲထီးတွေ အတော်များများက ကြီးထွား သန်မာ လာကြလေတယ်။

တုံ လိုမျိုး လူပျိုပေါက် သားရဲထီးလေးတွေ ရဲ့ ကြီးထွားချိန်လည်း ဖြစ်လို့ အခုနှစ်ဆောင်းမှာ သူတို့တွေရဲ့ ခွန်အားနဲ့ သန်မာမှုက သိသိသာသာ အများကြီး ပြောင်းလဲ သွားလေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now