အပိုင်း (31. 2)

2.1K 359 1
                                    

(31. 2)

'' ငါ့မှာ နူးညံ့ပြီးတော့ အတော်လေး ကောင်းမွန်တဲ့ အရာတစ်ချို့ရှိတယ်။ ဆောင်းတွင်းမဝင်ခင် အဒေါ် တုံးဟွားနဲ့ အဒေါ် ဝေ့ဆီယာ ကို အဝတ်ချုပ်ခိုင်းပြီး သူလေး အတွက် ငါပေးမှာနော် ''

''ကောင်းပြီ''

ဟုန်ယွင်က ကောင်းတဲ့ ပစ္စည်းဆိုတာ ဘာမှန်းမသိပေ။ ဒါပေမယ့် လျော်ထည်အဝတ် တွေထက်တော့ ပိုပြီး နူးညံလိမ့်မယ်လို့တော့ ထင်မိတာပဲ။ လျော်ထည်က အခုဆို မျိုးနွယ်စု ထဲမှာ ရှားပါးတဲ့ အရာမှ မဟုတ်တော့ပဲ။ ပြီးတော့ ချီဟန်က အဲ့တာတွေ ကို ပေးမှာတော့ မဟုတ်ဘူးလေ။

အဒေါ် ချီရှီး က တော့ ပြန်သွားဖို့ အစီအစဥ် မရှိပါပေ။ သူမက ဒီမှာ နေခဲ့ပြီး ဟုန်ယွင် အတွက် မနက်စာ ချက်ပေးဖို့ စီစဥ်ထားခဲ့တယ်။ ဟုန်ယွင်က အခုမှ မိခင် တစ်ယောက် စဖြစ်ကာစ မလို့ သူ့ကို သင်ပေး ရအုံးမှာတွေ အများကြီး ရှိနေသေးတယ်လေ။

ချီဟန်က သူ့အိမ်ကို မရောက်ခင် တံခါးက ပွင့်သွားတာ ကို တွေ့လိုက်ရတယ်။

တုံ က သူ့မျက်လုံးကို ပြူးကျယ် နေအောင် ဖွင့်ထားကာ ကလေးမလေး ကလည်း လုံးဝ အိပ်ချင်စိတ် မရှိပဲနဲ့ ချီဟန်ကို ပဲ ကြည့်နေခဲ့တယ်။

အရမ်းကို အေးချမ်းတယ်!

အရမ်းကို သဘာဝ ဆန်တယ်! !

အရမ်းကို အာရုံစူးစိုက်  ထားတာ ပဲ! !!

ချီဟန်က အနည်းငယ် စိတ်လှုပ်ရှားသွားလေတယ်။ သူက အရှေ့ကို မြန်မြန်လေး လျောက်လာကာ ကလေးမလေး ရဲ့ ထောင်နေတဲ့ ခေါင်းလေးကို လက်နဲ့ ဖိပြီး မျက်လုံးတွေကို မှိတ်ကာ တုံ ကို နမ်းလိုက် လေတယ်။ သူလည်း မျက်လုံး ပြန်ဖွင့်ရော ကြောင်အ နေတဲ့ တုံကို မြင်တော့ ပြုံးလိုက်လေတယ်။

တုံ က သူ့ရဲ့ နှုတ်ခမ်းတွေ ကို လျက်လိုက်တယ်။ နူးညံ့တဲ့ အထိအတွေ့လေးက ထိုနေရာမှာ ကျန်နေဆဲပဲ။ တုံ ဟာ သူ့တကိုယ်လုံး က သွေးတွေ အရှိန်ပြင်းပြင်းနဲ့ စီးဆင်းနေတာ ကို ခံစားမိတယ်။

သူက နှုတ်ခမ်းတွေကို ထပ်ကာ လျက်လိုက်တယ်။ ပြီးတော့ ကြည်လင်ရှင်းသန့် နေတဲ့ မျက်ဝန်းတွေက တဖြည်းဖြည်းနဲ့ ပူလောင် လာခဲ့တယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now