အပိုင်း (25)

2.5K 434 14
                                    

(25)

လင်းယုန် ခေါင်းဆောင်ရဲ့ သဘောထားက ပိုပိုပြီးတော့ အားနာနေမှန်း  သိလာခဲ့တယ်။ တစ်ချက် ကြည့်ရုံနဲ့တင် သူတို့ လုပ်မိတာက အကြောင်းပြချက် မရှိပေမယ့် သူတို့အမှားလုပ်ထား မိပြီးတော့ သက်သေပြစရာ မရှိတော့ သူ့ခမျာ မသက်မသာ ခံစားနေရလေတယ်။

'' ရက်အနည်းငယ်လောက် အနားယူချင် လို့ ငှားတာက မမှားပါဘူး။ ဒါပေမယ့် အိမ်မှာ အိမ်ပိုင်ရှင် မရှိပဲ အိမ်ပိုင်တဲ့ သူကိုမပြောပဲ ဝင်နေတာ ကတော့ မှားတာပဲ''

တုံ က မျက်နှာထား တင်းတင်း နဲ့ပြောလိုက်တယ်။ ထိုအခါ လင်းယုန်ခေါင်းဆောင်က သူမှားသွားတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ကြီး သိသွားလေတယ်။ ဒါကြောင့် သူက စကားမပြောတော့ပေ။ ထိုချိန်ခဏမှာပဲ ပတ်ဝန်းကျင် က တိတ်ဆိတ် သွားပြီးတော့ လေထုကြီးက ကို့ယို့ကားယား ဖြစ်လာခဲတယ်။

ထိုအချိန်လေး မှာပဲ ထိုသားရဲလူသာစအနောက် ကနေ အမျိုးသမီး တစ်ယောက် ထွက်လာခဲ့တယ်။ သူမရဲ့ လက်ထဲမှာတော့ အဖြူရောင် ဥလေးကို သေချာ ဂရုတစိုက် ကိုင်လာခဲ့တယ်။ ချီဟန်သေချာ ကြည့်လိုက်တော့ ထိုဥလေးက မနက်ခင်း ထွက်ခါစ နေလုံးထက် အနည်းငယ်လောက် ပဲ ပိုသေးတာကို တွေ့လိုက်ရတယ်။

ထိုဥလေးက အခုချိန်ထိ ဥပျော့လေး ဖြစ်ဆဲ ဆိုတာကို သိနိုင်လေတယ်။ ပြီးတော့ တွန့်လှုပ်နေတဲ့ အပေါ်ယံ မျက်နှာပြင်လေး ကနေ အထဲက ကလေးလေး ကိုတောင် မြင်နေရတယ်။ ထိုဥလေးက ဘယ်အချိန်မဆို ကွဲ ကြေ သွားတော့မယ့် ဟန်ပဲ။

'' ဒါတွေ အကုန်လုံးက ကျွန်မ အမှားပါ။ ရှင်တို့ရဲ့ တဲတွေက အရမ်းကောင်းတော့ ကျွန်မ မတက်နိုင်ပဲ ကျွန်မရဲ့ လက်တွဲဖော်ကို ထိုထဲမှာ ကျွန်မကို ထားပေးဖို့ မထိန်းနိုင်ပဲ တောင်းဆို ခဲ့မိတာပါ ။ ကျွန်မရဲ့ ဥလေးတွေက အရမ်းကို ကျိုးပဲ့လွယ်သေးတယ်။ ဒါကြောင့် လေနဲ့ လှုပ်ရှားမှုတွေကို ခံနိုင်ရည် မရှိသေးဘူး။ ဒါ​ကြောင့်မလို့ ကျွန်မ လူတွေကို ဒေါသမထွက် ပါနဲ့။ ကျေးဇူးပြုပြီး တော့ ကျွန်မ တောင်းပန်ပါတယ်''

အားနည်းတဲ့ အမျိုးသမီးက ရှေ့ထွက်လာပြီး တင်းမာနေတဲ့ လေထုမှာ သူမ လုပ်ခဲ့တဲ့ အမှန်အတိုင်း ပြောပြလိုက်တော့ အကျိူးသက်ရောက် မှုက အရမ်းကို အသုံးဝင်ပါတယ်။ လူတိုင်းက ပါးလွှာတဲ့ ဥလေးကို ကြည့်ပြီးတော့ ဘယ်သူမှ မထိရဲကြပေ။ သူမရဲ့ အသံ ကလည်း အရမ်းကို ဟန်ဆောင်မှု ကင်းနေလေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now