အပိုင်း (2.1)

4.4K 566 27
                                    

(2.1)

ကျားသစ်လေး ရွမ်တုံက အသက် ၁၅ နှစ်မှ အရွယ်ရောက်မယ် ဆိုတဲ့ သားရဲလူသားတွေ စံချိန်ထက် ၂ နှစ်ပိုငယ် နေခဲ့ပါတယ်။ သူလို အရွယ်မရောက်သေး တဲ့ သားရဲ လူသားက အစောကြီး ဘာကြောင့် အဖွဲ့ထဲ ပါလာရသလဲ ဆိုတော့ သူမစောင့်နိုင် တော့လို့ပဲ ဖြစ်လေတယ်။

သူ့ရဲ့ အဖေ ဖြစ်တဲ့ မျိုးနွယ်စု အကြီးအကဲ က အမဲလိုက်သွားတဲ့ အချိန်မှာပဲ ဆုံးပါး သွားတာ ဖြစ်ပြီးတော့ အဲ့တုံးက သူဟာ အသက် ၁၀ နှစ်သာ ရှိပါသေးတယ်။ သူ့မိခင် ကလည်း ထိုစိတ်ကြောင့်ပဲ နောက်တစ်နှစ်မှာ ဆုံးသွားခဲ့ပြန်တယ်။

အခု လူမျိုးစု အကြီးအကဲ က သူ့ဖခင်ရဲ့ သူငယ်ချင်းကောင်း ဖြစ်တဲ့ အတွက်ကြောင့် သူက ထိုလူတွေရဲ့ နောက်ကိုလိုက်ကာ ထိုနှစ်တွေမှာ ရှင်သန်ခဲ့ရတယ်။ ရွမ်တုံလေး ဟာ သူ့အဖေ မျိူးနွယ်စု ခေါင်းဆောင်ရဲ့ တစ်ဦးသော သားဖြစ်လေတယ်။ ဒါကြောင့်ပဲ အခုမျိုးနွယ်စု ခေါင်းဆောင်က သူ့ကလေးတွေဟာ ဆယ်ကျော်သက် အောက်အရွယ်တွေပဲ ရှိသေးတာကြောင့် ရွမ်တုံကို လျှို့ဝှက်စွာ အဆုံးသတ်ဖို့ ကြိုးစား လေ့ရှိတယ်။

ရိုးရှင်း တဲ့ သားရဲ ကမ္ဘာ ​ဖြစ်တာတောင်မှပဲ မျိူးနွယ်စု ခေါင်းဆောင် နေရာက သူတို့ရဲ့ သားတွေ ကသာ ဆက်ခံ ရလေတယ်။

ဘယ်သူ က ဒီလို မျိုး တစ်ကိုယ်ကောင်း မဆန်ကြလို့လဲ!

ထပ်ပေါင်းပြောရရင် ခေါင်းဆောင် ဖြစ်တဲ့သူက အားကိုးအားထား ပြုရလောက်တဲ့ လူဖြစ်ရမှာ ဖြစ်ပြီးတော့ ဉာဏ်ပညာ ရှိရင်တော့ ပိုကောင်း တာပေါ့လေ။ အကောင်းဆုံး နေရာမှာ နေရပြီးတော့ အကောင်းဆုံး အစားအသောက်တွေ ကိုလည်း စားရတယ်လေ။

ဒီလိုနေရာမျိုးကို သူ့သားကို မပေးချင်ပဲ ဘယ်နေပါ့မလဲ?

ထိုကဲ့သို့ ထိခိုက်အောင် လုပ်ကြံတဲ့ နည်းလမ်းတွေက အထူးသဖြင့် ဆောင်းတွင်းမှာ လုပ်လေတယ်။ အသိသာဆုံး မျက်နှာလွဲ မှုကြီးကတော့ ​ဆောင်းခိုဖို့ရာ အစားအစာတွေကို ခွဲဝေတဲ့ နေရာမှာ ဖြစ်လေတယ်။

မျိုးနွယ်စုက အမျိုးသားတွေက သီးခြားဆီ ခွဲထွက် ပြီးတော့ ဆောင်းရာသီ အတွက် သားကောင်လိုက်ကြပေမယ့် မျိုးနွယ်စုထဲက အသက်ကြီးနေတဲ့ သားရဲ လူသား တွေ ၊ သားရဲ လူသားငယ်လေးတွေနဲ့ သားရဲတစ်ဝက် တွေက ဆာလောင်မှုကြောင့် တစ်ရာသီကုန် သွားတိုင်း အများအပြား သေသွားလေ့ ရှိကြလေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now