အပိုင်း (42. 2)

2K 266 10
                                    

(42. 2)

သားရဲလူသား ကမ္ဘာ မှာ အမျိုးသမီး တွေကို အလေးအနက် ထားကြလေတယ်။ အမျိုးသမီးတွေက သားရဲထီးတွေလောက် မသန်မာ ကြတဲ့ အပြင် အမျိုးသမီး အများစု ဆိုရင် သားရဲထီးတွေ ကိုယ်တိုင်က အစာကျွေးမှု အပေါ်မှာပဲ မှီခိုကြတယ်။ တစ်ချို့ သန်မာတဲ့ အမျိုးသမီးတွေနဲ့ သားရဲတစ်ဝက်တွေ တောင်မှပဲ သူတို့ရဲ့ ကိုယ်ပိုင်မိတ်ဖက်တွေက အရမ်းကို တန်ဖိုးထားပြီးတော့ ချစ်ခင်လေးစား ကြလေတယ်။

ဒါကြောင့်ပဲ သူက တုံနဲ့ အတူ ဒီလောက် အချိန်အကြာကြီး အတူတူ နေနိုင်တာပေါ့။ သူ့မှာ အတွေ့အကြုံ ရှိနေပြီလေ။ သားရဲလူသားတိုင်း က သူ့တို့ရဲ့ မိတ်ဖက်ကို တစ်ခါမှ သစ္စာမဖောက်ဘူးတာကြောင့် ထိုမြွေဆိုးကောင်က ဘာတွေ လုပ်ကြသလဲ ဆိုတာ မတွေးမိနိုင်တာပဲ ဖြစ်လေတယ်........ ။

တကယ်လို့ ကျားဖြူ မျိုးနွယ်က အမျိူးသမီးတွေနဲ့ သားရဲတစ်ဝက်တွေက ဂူတွေ ထဲမှာ အပိတ်ခံ ထား ရပြီးပြီ ဆိုမှတော့ သူတို့ရဲ့ သားရဲထီးတွေ ကိုလည်း ဆာလောင်ပြီး သေတဲ့အထိ ပစ်ထားတာ ဆိုတာ က အဓိပ္ပါယ် ရှိသွား ပြီပဲ ဖြစ်လေတယ်။ ဒါပေါ့ သားရဲလူသားထီးတွေက မျိုးနွယ်စု ထဲမှာ စေတနာ့ ဝန်ထမ်း လုပ်ပြီး နေနေကြတာ မှမဟုတ်တော့တာ။ သူတို့ က အကျဥ်းချ ခံထား ခဲ့ရတာပဲ။

ဘာပဲ ဖြစ်ဖြစ်လေ သားရဲလူသားထီးတွေရဲ့ သဘာဝ အကျင့်စရိုက် အရ သူတို့ရဲ့ မိတ်ဖက်တွေ ပြန်ပေးဆွဲ ခံလိုက်ရ ပြီဆိုတာနဲ့ သဲကြီး မဲ ကြီး တိုက်ခိုက်ရမှာပဲ ဖြစ်လေတယ်။

သူတို့က ဘာလို့ ဒီလိုမျိုး တစ်ဝက်သေဆုံးနေတဲ့ ဘဝ မျိုး နေနိုင် ရတာလဲ?

'' လန် သူတို့စားနေတဲ့ မြက်တွေက ဘယ်လိုမျိုးလဲ ဆိုတာကို သေချာကြည့်ခဲ့လား? မြက်မျိုးတွေက ရှာတွေ့ဖို့ လွယ်ကူသလား ? မင်းတို့ တစ်ခြား သားရဲလူသားတွေ ကောအဲ့တာကို စားဘူးကြသလား? ''

'' အဲ့မြက်မျိုးတွေ က ရှာတွေ့ဖို့ မလွယ် ကူဘူး။ ငါတို့ သားရဲလူသား ထီးတွေက မြက်တွေ ကို မစားကြဘူးလေ ။ ငါ ငယ်ငယ်တုံးက ခြောက်သွေ့ ရာသီ က အရမ်းကို ရှည်လျားတယ် ဆိုတာကို ပြန်ပြီး အမှတ်ရသေးတယ်။ ပြီးတော့ ဂျိုရှည်သားရဲ တွေလည်း နည်းနည်းပဲ ရှိတော့တာ။ ငါတို့က ဆာလောင်ပြီး သေတော့မယ့် အချိန်မှာ မှ ခရမ်းရောင် အမြစ်တွေကို စားခဲ့တာ။ ငါဆို လုံးဝ မျိုချလို့တောင် မရခဲ့ဘူး ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now