အပိုင်း (57. 2)

667 106 0
                                    

(57. 2)

''ဒါဆိုရင်လည်း ငါတို့က သားရိုင်း တစ်ဝက် တွေကို တစ်ချိန်ထဲမှာပဲ အပိုင်းသေးသေးလေး တွေပဲ ပေးရမယ်။ ပြီးတော့ ဘယ်အချိန်ကျရင် ဘယ်လို ဘေးထွက် ဆိုးကျိူးတွေ ဖြစ်လာ မလဲ ဆို တာကြည့်ကြတာပေါ့ ''

'' ကောင်းပါပြီ ''

ထို သားရဲပုံစံ ဆေးပင်တွေကို သားရိုင်းတစ်ဝက်တွေ အား ကျွေးပြီး ငါးရက်​မြောက်နေ့ ကျတော့ အရင်နှစ်ရက် ကတည်းက ဆူညံမှုတွေ လျော့ကျသွားပြီ ဖြစ်ပြီး သားရိုင်း တစ်ဝက် တွေ ထဲက တစ်ဝက်လောက် က ပြန်လည် နိုးထ လာခဲ့တယ်။

မနက်ခင်း စောစော မှာပဲ ထိုလူတွေကို စောင့်ကြည့်နေတဲ့ သူတွေက ထိုလူတွေရဲ့ အခြေအနေ ကို တုံ နဲ့ ချီဟန် ဆီကိုလာပြီးတော့ တင်ပြ ကြလေတယ်။

ထိုသားရိုင်း တစ်ဝက်တွေက တဖြေးဖြေးနဲ့ သူတို့ရဲ့ ကိုယ်တွေကို ထောင်မတ်လာ နိုင်ကာ သူတို့ကို ဂရုစိုက်ပေး နေတဲ့ သားရဲလူသားတွေ ကိုလည်း ပြန်အမှတ်ရ လာခဲ့လေတယ်။

တစ်ချို့ အမျိုးသမီးတွေ ဆို သူတို့ရဲ့ လက်တွဲဖော်တွေကို အချိန်အကြာကြီး ပြုစု စောင့်ရှောက်ပေး ခဲ့ပြီးတော့ ယခု အချိန်မှသာ သူတို့ရဲ့ လက်တွဲဖော် တွေဆီကို ခြေတစ်လှမ်း တိုးသွား ပြီးတော့ ပွေ့ဖက် ရဲခဲ့လေတယ်။ သူတို့ သိလိုက်ရတာကတော့ သူတို့ သိခဲ့တဲ့ အရင်လူတွေ ပြန်ရောက်လာ ပြီ ဆိုတာ ပါပဲ။

၇ ရက် ကြာပြီးတဲ့နောက်မှာတော့ ထိုသားရိုင်းတစ်ဝက် လူသားတွေ အကုန်လုံး သူတို့ရဲ့ အသိတွေကို ပြန်ရလာကာ ကိုယ်ကို လည်း ပြန်မတ်ပြီး လျောက်လာနိုင် ပြီးတော့ ကျောပေါ် က အမွှေးရှည် တွေ ကလည်း တစ်ဖြေးဖြေး ကျွတ်ကျ ကုန်လေတယ်။

'' အိုး!  ရှောင်ပိုင် က နှင်းတောင် ကို ဖြတ်တာ အောင်မြင်လားတော့ ငါလည်း မသိဘူး။ ပြီးတော့ ယို့ ရဲ့ ကုသမှု ကလည်း အောင်မြင် နိုင်မလား မသိဘူး ''

ပင်း က သူတို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သွားခဲ့တဲ့ ဂူကိုကြည့်ကာ စိတ်ခံစားချက် အပြည့်နဲ့ သက်ပြင်းချ လိုက်တယ်။ ပြီးတော့ ရှောင်ပိုင် အတွက် အရာရာတိုင်း က အဆင်ပြေ သွားပါစေ လို့ပဲ သူမျှော်လင့် ရလေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now