အပိုင်း (47. 2)

1.1K 174 0
                                    

(47. 2)

'' ပင်းရေ ၊ ကျင်း ကို ခေါ်သွားပြီးတော့ နိုးထလာတဲ့ သားရဲလူသား ဘယ်နှယောက် ရှိပြီလဲ ဆိုတာ သွားကြည့်ပါအုံး ''

'' ကောင်းပြီ ''

ခေါ်လာတဲ့ သားရဲလူသား ၂၁ ယောက်မှာ ၁၂ ယောက်ပဲ နိုးထအသိ ပြန်ဝင်လာသေးတယ်။

ညနေခင်း ပြီးတဲ့နောက် ကောင်းကင် ကြီး ကလည်း မဲမှောင် နေပြီးတော့ မို ကလည်း နောက်ဆုံးတော့ ပြန်ရောက်လာခဲ့တယ်။

အခုချိန်မှာတော့  သူ့ဘာသာသူ ခုခံ ကာကွယ်နေစရာ မလိုခဲ့ဘူး။ ဂူပေါက်ဝ မှာ ဘယ်သူမှ  မရှိတဲ့ အတွက်ကြောင့် သူက ဂူထဲကို တိုက်ရိုက် ပဲ ဝင်သွားခဲ့လေတယ်။ သူက ဂူထဲက သားရဲလူသားတွေ ကိုတော့ ယုံကြည်ရမယ်လို့ သိခဲ့လေတယ်။

သူက အထဲကို ဝင်သွားပြီးတော့ ဘေးဘယ်ညာကို ရှာပြီးနောက် ကျင်း ကိုတွေ့တော့ အမြန်ပြေးပြီး ကျင်းရဲ့ လက်ကို ကိုင်လိုက်လေတယ်။ ဂူက အရမ်းမှောင်နေပြီပဲ ဖြစ်လို့ မီးတုတ်တွေ ထွနပေး ထားလေတယ်။ မီးတုတ်ရဲ့ အလင်းရောင် က မိုရဲ့ မျက်နှာလေးနဲ့ မျက်လုံးတွေပေါ် ဖြာကျ နေကာ ကြောက်လန့်လွန်းလို့ ဖြူဖျော့နေတဲ့ အကောင်ငယ်လေး နဲ့တောင် ဆင်တူ နေပါသေးတယ်။

'' အဲ့ဒါက အရမ်းကြောက်ဖို့ ကောင်းတာပဲ။ သခင်လုံ က မဟုတ်သေးဘူး အဲ့မကောင်းဆိုးဝါးက။ သူက အမျိုးသမီးတွေ အကုန်လုံးကို သူ့ကလေးမွေးပေးဖို့ တွန်းအား ပေး ခဲ့တာ။ သူက ငါတို့ကို လိမ်ခဲ့တာ။ သူပြောတာက အဲ့အမျိုးသမီးတွေက ငါတို့ကို ဆုအနေနဲ့ ပေးဖို့လို ပြောခဲ့တာ ''

'' အမျိုးသမီး အတော်များများ က အင်္ကျီတောင် မဝတ်ထား ရဘူး။ ဂူတစ်ခုလုံး ကလည်း မဲမှောင်ပြီး ရှုပ်ပွနေတာပဲ။ ယန် မင်းရဲ့ အမ က ဖျားနေတယ်။ ဒါပေမယ့် သူတို့က သူမကို မျိုးနွယ်စု စုန်းမဆီကို မပြပေးခဲ့ဘူး ''

'' ဘာ ၊ အဓိပ္ပါယ် မရှိတာ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ''

'' ငါက ဘာမဟုတ်တာ ပြောရမှာလဲ။ ငါက လေ့ကို ငါ့မေမေ ကိုတွေ့ချင်လို့ပါ ဆိုပြီး တောင်းဆိုခဲ့တာ။ လေ့ က ငါ့ကိုအမျိူးသမီးတွေနဲ့ သားရဲ တစ်ဝက်တွေ အတွက် အစာပို့တဲ့ နောက်ကို လျှို့ဝှက်ပြီး ခေါ်သွားပေးခဲ့တာ။ ဒါကို ငါ့ရဲ့ ကိုယ်ပိုင်မျက်လုံး တွေနဲ့ တွေ့ခဲ့တာကွ ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now