အပိုင်း (49. 1)

1.3K 182 4
                                    

(49. 1)

ချီဟန်က သူ့အဝတ်အစား တွေကို တင်းကြပ်စွာ ပတ်ထားပြီးတော့ သူ့ကျောပေါ်ကို လေးနဲ့ မြား သယ်ဆောင်လိုက်ပြီး ယန်မင်းအား သူ့ရဲ့ ကျောက်ဖူးလှံတံ ထဲက တစ်ခုကို ပေးလိုက်လေတယ်။ ပြီးတော် နှစ်ယောက်သား ထွက်လာခဲ့ ကြတယ်။

'' မင်းတို့ နှစ်ယောက် အတွက် ဒီတောင်တန်းကြီးပေါ်က တောကို ဖြတ်ဖို့ဆိုတာ အန္တရာယ်များပြီး မလွယ်ကူဘူးနော်။ အဲ့တောင်ပေါ်မှာ တောရိုင်းကောင်တွေအများကြီး ရှိတယ် ''

သားရဲတစ်ဝက်နဲ့ အမျိုးသမီးတွေက အမဲလိုက်တဲ့ အတွေ့အကြုံ မရှိတာကြောင့် သန်မာမှု ကင်းမဲ့လေတယ်။ သားရဲလူသားတွေ က သူတို့ကို ပိတ်လှောင်ထားချိန် မှာတောင်မှပဲ သူတို့က မလွတ်မြောက် နိုင်ခဲ့ပေ။ မို က သူ့အမေ ကို ထိုင်ခိုင်းလိုက်ပြီးတော့ ယန် ကို ပြောလိုက်တယ်။

'' ယန် ၊ မင်းနေခဲ့။ ပြီးတော့ ငါက သူတို့ကို အပြင်ဆီ ခေါ်သွား လိုက်မယ်။ ''

ကျားဖြူမျိုးနွယ်က နေ ကမ္ဘာနှစ်ခြမ်းကွဲ ရလောက်အောင် ကျယ်တဲ့ ဟိန်း သံကြီးက အဝေးကနေကြား နေရလေတယ်။ ​မိုက ပြန်သွားချင်နေပြီးတော့ သူ့ရဲ့ ကြီးပြင်းလာရာ ဖြစ်တဲ့ ကျားဖြူ မျိုးနွယ် ကို ပြန်သွား ကြည့်လိုခဲ့တယ်။

သူက အဲ့နားကို သွားပြီးတော့ ကြည့်လိုကာ ဘာတွေ ဖြစ်သွားပြီ လဲဆိုတာကို သိလိုခဲ့တယ်။ မာနရှိတဲ့ ယောကျာ်း တစ်ယောက် အနေနဲ့ သူ့ကိုယ်သူ ဒီနေရာမှာပဲ ပုန်းနေခွင့်မပြုခဲ့ပေ။

အပြင်ဘက် က အသံကို လည်း ကြားလိုက်ရရော ယန်ရဲ့ နှလုံးသားက အရမ်းမြန်မြန်ခုန် သွားပြီးတော့ သွေးတွေ ကလည်း ဆောင့်တက် သွားလေတယ်။ သူလည်း ပြန်ပြီးတော့ ဘာတွေ ဖြစ်သွားပြီ လဲ ဆိုတာကို သိချင်နေခဲ့တယ်။ ဒီလို ကိစ္စမျိုး ဆိုတာက အရင်တုံးက တစ်ခါမှ မဖြစ်ဘူး ခဲ့ပေ။

ဒါပေမယ့် ယွမ်ယွမ် ၊ သူ့အမေနဲ့ သူ့အမ တို့က သူ့ကို ဒီနေရာမှာပဲ နေဖို့ ဆွဲထားခဲ့တယ်လေ။ တစ်ဖက်မှာ သူကြိုက်တဲ့ အမျိူးသမီးနဲ့ သူ့ဆွေမျိုးတွေ ၊ တစ်ဖက်မှာ ကျတော့ နှစ်ပေါင်းရာချီကြာရင်တောင်မှ ထပ်မတွေ့နိုင် တော့မယ့် မြင်ကွင်း ။ ယန် က တစ်ခဏတော့ တုံ့ဆိုင်းနေခဲ့တယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Hikayelerin yaşadığı yer. Şimdi keşfedin