အပိုင်း (5.1)

3.3K 472 2
                                    

(5. 1)

ချီဟန် တစ်ယောက် ဒီလိုအရသာ ရှိတဲ့ အစားအသောက်ကို မစားရတာ အတော်ကြာပြီပဲ ဖြစ်လေတယ်။ နူးညံ့ချိုမြိန်လှတဲ့ ခရမ်းနုရောင် အမြစ်ပြုတ်လေးကို အနည်းငယ် စားပြီးတာနဲ့ စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တွေ ကျလာခဲ့တယ်။

တကယ်ကြီး ငိုချင်နေခဲ့တာ ပဲ ဖြစ်လေတယ်။ ဒီလို သရဲလို နေရာကြီးကို ရောက်လာခဲ့တဲ့အချိန် တုံးကဆို အကြိမ် ၁၀၀၀ လောက်ကို အော်ငိုပစ်ချင်ခဲ့တာ။

အသားကတော့ ကိုက်စားလို့ မရဆဲပဲ။ ဒါကြောင့် ချီဟန်က ပါးစပ်ထဲမှာ ဝါးနေလိုက်လေတယ်။ ကြီးမားလှတဲ့ ခရမ်းရောင်ကန်စွမ်းဥ ပြုတ် နဲ့ အသားတုံးလေးတွေ ပါတဲ့ စွပ်ပြုတ်ခွက်ကြီးဟာ အချိန်ခဏ အတွင်းမှာပဲ အောက်ခြေကိုတောင် မြင်လာရလေတယ်။ ပြီးတော့ လက်ကျန် စွပ်ပြုတ်ရည်လေး တွေကို အကုန်မော့သောက် လိုက်လေတယ်။

''ဟမ်း...ဒါက အရမ်း သက်တောင့် သက်သာ ဖြစ်တာပဲ ''

သူဗိုက်ပြည့်နေပြီ ဖြစ်တာကြောင့် ဆက်စားရင် အစာအိမ်က လက်မခံ နိုင်တော့မှာ စိုးရိမ်တာ မလို့ နောက်တစ်ပန်းကန် လောက် သောက်ချင်တဲ့ လောဘ စိတ်လေးကို ထိန်းချုပ်လိုက်ရတယ်။

သူက ဇွန်းနဲ့ ပန်းကန်လေးကို ချကာ သူရဲ့ ဗိုက်လေးကို ပုတ်ပြပြီး ဝ သွားပြီ ဆိုတာကို ပြောပြနေခဲ့တယ်။ ဟုန်ယွင်က လည်း သူ့ဗိုက်လေးကို ကိုင်ကြည့်ပြီးတော့မှ ချီဟန်တကယ် ဗိုက်ပြည့် သွားပြီ ဆိုတာ ကို သိလိုက်ရတယ်။ ပြီးတော့မှ အခုလေးတင် ချီဟန်သောက်ထားတဲ့ ခွက်နဲ့ ဇွန်းကို ယူပြီး သူ့အတွက် စွပ်ပြုတ်ထည့်ကာ သောက်လေတယ်။

ချီဟန်က ကြောင်အ သွားတယ်။

ဘာလဲ ဒီနေရာမှာ ဇွန်းနဲ့ ပန်းကန် တစ်စုံပဲ ရှိတာလား?

ဒါကို တောင်မှ ထိုအလှလေးက သူ့ကို အရင်စားခိုင်း တာလား? ?

ချီဟန်က ရှက်သွေးဖြာ သွားတယ်။

သူ.... သူ ဒီဟာတွေ ကိုတောင် မဆေးပေး လိုက်ရဘူးလေ!

တဲလေး က သေးငယ်တာကြောင့် ချီဟန်က သူ့ရဲ့ ခြေတွေ လက်တွေကို ဘယ်နား ထားရမလဲ ဆိုတာကို မသိတော့ပါချေ။ ဟုန်ယွင် ကလည်း စွပ်ပြုတ်သောက် ပြီးတာနဲ့ သားရေ အပိုင်းအစ နှစ်ခု ထုတ်​ပေးကာ ချီဟန်ဆီကို ကမ်းပေးလိုက်တယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Dove le storie prendono vita. Scoprilo ora