အပိုင်း (22)

2.7K 446 7
                                    

(22)

ချီဟန် တစ်ယောက် သူလိုချင်နေတဲ့ ပစ္စည်းတွေနဲ့ သူရှာဖွေနေတဲ့ အရည်အချင်း ရှိသူတွေ ကို သုံးရက်အတွင်းမှာပဲ အပြီး ရှာနိုင်ခဲ့တဲ့ အတွက်ကြောင့် အရမ်းကို စိတ်ကောင်း ဝင်နေခဲ့လေတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ် လောက်က သူတို့ မျိုးနွယ်စု ထဲက သားရဲတစ်ဝက်တွေနဲ့ သားရဲထီးတစ်ချို့က စုဝေး ပွဲက သူတို့တွေ့ ရသမျှကို ချီဟန်ဆီလာပြီးတော့ ပြောပြ ကြလေတယ်။ ထိုလူတွေထဲက အများဆုံး ပြောကြတာ က ​ကျားဖြူ မျိုးနွယ်စု အကြောင်းပဲ ဖြစ်လေတယ်။

ဂျိုအန်းက သူ့ရဲ့ ခါးလေးကို ပင့်ကာ လှုပ်လိုက်ရင် တချွင်ချွင် မြည်တဲ့ ခေါင်းလောင်းလေးတွေ ပါတဲ့ ကြိုးလေးကို ဝတ်ဆင် ထားပြီး ရက်အနည်းငယ်တုံးက မှုန်မှိုင်းနေတဲ့ စိတ်အခြေအနေတွေ ကွယ်ပျောက် သွားတာကို တွေ့ရလေတယ်။ ပြီးတော့ ခါးက ကြိုးလေးမှာ တန်ဆာဆင်ထားတဲ့ ကျောက်မျက်ရတနာလေးတွေက ညနေခင်းရဲ့ နေအလင်းပြန်မှု အောက်မှာ တလက်လက် တောက်ပ နေခဲ့တယ်။

'' ငါ့မှာလေ ဒါလေးတွေ ရဖို့ ကျားဖြူ မျိုးနွယ် ဆီမှာ ဂျိူရှည်ရဲ့ ခေါင်းသုံးလုံးနဲ့ လယ်လှဲခဲ့ရတာ။ ကျားဖြူမျိုးနွယ်က ငါတို့ဘေးနားက အသန်မာဆုံး မျိုးနွယ်ပဲလေ။ ငါကြားတာကတော့ ဒီလိုကျောက်တုံး မျိုးတွေက မြေကြီးရဲ့ ဟိုးအနက်ဆုံး အပိုင်းတွေမှာ ပဲတွေ့ရတာတဲ့။ သူတို့တွေ အဲ့တာကို ဘယ်လို တူးကြသလဲ ဆိုတာတော့ ငါလည်း မသိဘူး။ လာကြည့်အုံး''

ဂျိုအန်းက ယောင်ကို ရှက်ရွံစွာနဲ့ သူဝယ်ခဲ့တဲ့ ခါးကြိုးလေးရယ် ၊ လည်ဆွဲလေးရယ် ကို ထုတ်ပြနေတဲ့ အချိန်မှာ ယောင်ကတော့ သူ့ကို ငေးမောနေတဲ့ အတွက်ကြောင့် ဂျိုအန်းတစ်ယောက် ရှက်သွေးဖြာ သွားလေတယ်။ ကြည့်ရတာတော့ သူတို့ နှစ်ယောက် ပြန်ပြီး အဆင်ပြေ သွားပြီနဲ့ တူပါတယ်။

'' ဒီလို မျိုး အရာ သေးသေးလေး အတွက် ဂျိုရှည်ကောင် ခေါင်းသုံးလုံး ။ မင်းရဲ့ သတ္တိ ကတော့ အရမ်းကို အံမခန်းပဲ။ ငါ့မိသားစု ထဲက လူပြောတာတော့ အဲ့တာတွေက အသုံးမဝင် ဘူးတဲ့လေ။ သူက ငါ့အတွက်ဆိုပြီးတော့ ပိုင်ဟူ မျိုးနွယ်စု က​နေ အမွှေးရှည် ယုန်သားရေစ အနည်းငယ် ကို လဲပေးခဲ့တာလေ။ ငါကြားတာ ကတော့ ဒီအမွေးရှည် ယုန်ဖြူက နှင်းတောင်တွေ ပေါ်မှာနေတာတဲ့လေ။ သားမွေးတွေက နူးညံပြီးတော့ နွေးထွေးတယ် တဲ့။ ဆောင်းတွင်း အတွက် သားမွှေးအပေါ်ထည် လုပ်ဖို့ သင့်တော်တာပေါ့ ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now