အပိုင်း( 42. 1)

1.8K 260 5
                                    

(42. 1)

မျိုးနွယ်စု တစ်ခုလုံးအတွက် ကျောက်လှံတံတွေ လုပ်ပြီး သွားတဲ့ ဒုတိယမြောက် ရက်မှာတော့ လန်တို့ အုပ်စုက အရင်ဆုံး ရောက်လာခဲ့လေတယ်။

စုစုပေါင်း လင်းယုန်သားရဲ လူသား ၆ ယောက်လုံး ပြန်ရောက်လာကာ သူတို့ရဲ့ စစ်ဆင်ရေး က ချောမွေ့စွာ ဆောင်ရွက်ခဲ့ဟန် ပေါ်တယ်။ ပြီးတော့ ပြန်လာတဲ့ သားရဲလူသားက လူပြည့်တာ ဖြစ်လို့ တုံနဲ့ ချီဟန် တို့က စိတ်သက်သာ သက်ပြင်းချ လိုက်ကြတယ်။

လန် က မျိုးနွယ်စုကို ပြန်ရောက်တာနဲ့ သူ့လူတွေ အကုန်လုံးကို စုစည်းကာ အိမ်မပြန်ခိုင်းသေးပဲ တုံ တို့ရဲ့ အိမ်ကိုသာ တိုက်ရိုက် လာခဲ့တယ်။ တုံ က လန်ဟာ ပြန်ရောက်လာပြီးတော့ သူ့အိမ်ရှေ့ ရောက်နေတာကို တွေ့လိုက်ရတော့ အိမ်တံခါးကို အမြန်ဖွင့်ပြီး နှုတ်ဆက်လိုက်ကာ လန်ကို လက်သီးစုတ် ထောင်ပြလိုက်တယ်။ ထို အမူအရာ က ညီအစ်ကိုချင်း ပြန်တွေ့ ရလို့ ဝမ်းသာတဲ့ အနေနဲ့ ပြသတာပဲ ဖြစ်လေတယ်။

လင်းယုန်သားရဲလူသား အနည်းငယ် က မြေပေါ်ကို မဆင်းသက်ခင် လေထဲမှာ ဝဲပျံ နေတာ ဖြစ်လို့ မျိုးနွယ်စုထဲက လူတွေ က သူတို့ပြန်ရောက် လာပြီ ဆိုတာကို သိသွားကြပြီပဲ ဖြစ်လေတယ်။ လန် က ထိုအ​ခြေအနေ တစ်ခုလုံးမှာ အာရုံအစိုက်ခံ ရဆုံးဖြစ်လေတယ်။ ဘာလို့လဲ ဆိုတော့ သူကလည်း အရင်တုံးက ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့ ဘူးလေတယ်။

မယ်ဂျစ်စတစ်က သူမရဲ့ အမျိုးသားဟာ မျိုးနွယ်ဆီကို လုံခြုံစွာ ပြန်ရောက်တာမှန်း သိသွားခဲ့ ပြီးတော့ သူမက စိတ်သက်သာ ရာ ရသွားခဲ့တယ်။ ပြီးတော့ သူမက သားပေါက်လေးကို ခေါ်ကာ အိမ်မှာပဲ ငြိမ်းငြိမ်းချမ်းချမ်း လေးနဲ့ လန် ပြန်လာမယ့် အချိန်ကိုပဲ စောင့်နေခဲ့တယ်။

လန် က အနွေးကုတင် ပေါ်မှာ ထိုင်ပြီးတော့ သူနဲ့ သူ့တွဲဖက်တွေ စုံစမ်းလို့ ရခဲ့သမျှကို သေချာ ပြန်တွေးကာ အကုန်လုံးကို အကျဥ်းချုပ် ပြီး ပြန်ပြောပြလေတယ်။

'' ကျားဖြူ မျိုးနွယ်က အရမ်းကို ထူးဆန်းနေတယ်။ လေထဲဝဲနေတဲ့ တစ်ချို့ သားရဲလူသားတွေနဲ့ ကင်းလှည့်နေတဲ့ တစ်ချို့ သားရဲလူသားတွေ ကလွဲရင် ကုန်းမြေ သားရဲလူသား အများစုက ဖျားနာပြီးတော့ စွမ်းအင် ပြက်လက် နေကြတဲ့ပုံပဲ ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now