အပိုင်း (62. 2)

429 70 0
                                    

(62. 2)

အားရ ကျေနပ်နေတဲ့ ပိုင်ဟာ တစ်ခြားသူက သူဘာကို ဆိုလိုတာ လဲ ဆိုတာ ကို တစ်ခြားလူက နားမလည်မှန်း အမြန်ပဲ ရှာတွေ့ သွားတော့တယ်။ သူက မို ကို သူနဲ့ အတူ ကမ်းခြေ မှာပဲ နေဖို့ တောင်းဆို ခဲ့ပေမယ့် မို ကသဘောမတူ ခဲ့ပေ။

မို က သူ့မျိူးနွယ်စု ကိုပဲ ပြန်သွား ချင်နေတဲ့ အတွက် ပိုင်က ကူကယ်ရာမဲ့စွာ နဲ့ပဲ သူ့ပါတနာ ထွက်ပြေး သွားမှာကို ကြောက်တဲ့ အတွက်ကြောင့် သူက ပဲ မိုရဲ့ အနောက်ကို ရွေးချယ်စရာ မရှိပဲနဲ့ လိုက်ပါ သွားရတော့တယ်။

မြေပြင်သားရဲလူသားတွေ နေထိုင်တဲ့ ပတ်ဝန်းကျင် က အရမ်းကို ရိုးစင်းတဲ့ အတွက်ကြောင့် ဖြစ်နိုင်ပါတယ် မိုရဲ့ မျက်လုံးလေး တွေက ရှင်းသန့်ပြီးတော့ ကြည်လင်နေတယ်လေ။

ပိုင်ရဲ့ အတွေးတွေ ထဲမှာတော့ အလှပဆုံး ကျောက်မျတ် ရတနာတောင်မှပဲ မိုရဲ့ မျက်လုံးတွေ လောက်ကို မလှပ ဘူးလို့ပေါ့။ သူက လုံးဝကို အချစ်မှာ နစ်မြုပ် သွားခဲ့ ရတယ်။ ဒါကြောင့် သူက အမျိုးသား ပဲ ဖြစ်စေ အမျိူးသမီး ပဲ ဖြစ်စေ ဘာပဲ ဖြစ်ဖြစ် ကိစ္စမရှိတော့ပါပေ။ မို အနားနေရရင် သူကျေနပ်ပါတယ်။

'' မျိုးနွယ်စု စုန်းမ ၊ ဒီလိုမှ မဟုတ်လဲ ငါနဲ့ မိုလည်း အမဲ အတူတူ လိုက် လိုက်မယ်လေ။ ဒါဆို စောစော ပြန်လာလို့ ရတာပေါ့''

''သူတို့က ဘယ်နေရာမှာလဲ ဆိုတာကို မင်းတို့ သိလို့လား?''

'' ငါသိတယ်။ ဒီနေရာရဲ့ ဂျိုရှည်သားရဲတွေ အကုန်လုံး က ဟော်လင် တောင်တန်းမှာပဲ ရှိတာ။ ပြီးတော့ အဲ့မှာက ဂျိုရှည်ကောင် တွေကြိုက်တဲ့ အကောင်းဆုံး အစားအစာ တွေလည်း ရှိတယ်လေ ''

'' ကောင်းပြီ ''

ဒါပေါ့ ချီဟန် မျှော်လင့်ထားတာ က သားကောင် များလေ ပိုကောင်း လေလေ ပဲပေါ့။ သူက သကြားမုံလာနဲ့ အသီးအရွက်ခါးတွေကို လဲ ပြီးတော့ နောက်တစ်နှစ်မှာ အပင်ပေါက် လာဖို့ အပြင်းအထန် ကြိုးစား ချင်နေတယ်လေ။

ပိုင်ရဲ့ အကူအညီနဲ့ အတူ တုံ နဲ့ တစ်ခြားသူတွေက ချီဟန် ရှိရာ ဆီကို အမြန်အဆန်ပဲ ပြန်ရောက်လာကြလေတယ်။ ချီဟန်က ပထမဆုံး ဆိုင်ရှင်တစ်ယောက် ဆီ ကနေ ငါး၊ သကြားမုံလာနဲ့ အခါးအသီးအရွက်တွေကို လဲလှယ်လိုက်တယ်။  နောက်တော့ သူက လေစကြာ လုပ်နေတဲ့ သားရဲလူသားအိုကြီးကို ရှာပြီးတော့ သူ့အပေါ် တင်နေတဲ့ ငါးအကြွေးကို ပြန်ပေးလိုက်တယ်။ ပြီးတော့ သေးငယ်တဲ့ လေစကြာလေး တစ်ခုကိုလည်း ငါးနဲ့ လဲခဲ့ပါသေးတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now