အပိုင်း (52. 1)

1K 155 2
                                    

(52.  1)

ကျားဖြူ မျိုးနွယ် မှာ စိတ်ကို ကယောင်ချောက်ခြား ဖြစ်စေတဲ့ အပင် စားခဲ့ရတဲ့ သားရဲလူသားပေါင်း တစ်ရာကျော် ရှိလေတယ်။ ပြီးတော့ အယောက် ၃၀ ကျော်က သားရိုင်းတစ်ဝက်တွေ ဖြစ်ကုန်ပြီးတော့ ဂူထဲ ထည့်ပိတ်ခံထား ရတဲ့ အမျိုးသမီး တွေနဲ့ သားရဲတစ်ဝက် လေးတွေ အကုန်လုံး က ချီဟန်နဲ့ တုံ နောက်ကို လိုက်ကာ ချောင်ယွမ် မျိုးနွယ် ဆီကို လိုက်သွား ခဲ့ကြတယ်။

အမှန်တိုင်း ပြောရရင် ကျားဖြူ မျိုးနွယ် က တိုက်ကွန်းခ် မြစ် အထက် ပိုင်း မှာ ရှိတဲ့ အကြီး ဆုံး မျိုးနွယ်ပဲ ဖြစ်လေတယ်။ အခုတော့ သူတို့က ဒဏ်ရာ ရပြီးတော့ အုပ်စု တွေလည်း ၂ ခု ကွဲ သွား​လေတယ်။

ပထမ တစ်ခုက ပင်းရဲ့ အနောက်ကို လိုက်လို ကြပြီးတော့ ကျန်တဲ့ တစ်ဖွဲ့က ရှောင်ပိုင် ရဲ့ အနောက်ကို လိုက်လိုကြလေတယ်။

ကောင်းတဲ့ သတင်း တစ်ခု ကတော့ ရိုးရှင်းတဲ့ အကာအကွယ်တွေကြောင့် ချောင်ယွမ် မျိုးနွယ်ရဲ့ သားရဲလူသား တွေက ဒဏ်ရာတွေ ရကြ ပေမယ့် သူ့တို့ရဲ့ အသက်ကို မကယ်နိုင်လောက်တဲ့ အထိတော့ မဟုတ်ခဲ့ပေ။

အဲ့နေရာမှာ ဒဏ်ရာ ရသူ တွေ ရှိခဲ့ပေမယ့် သူတို့ရဲ့ ဒဏ်ရာတွေက အရမ်းကြီး မပြင်းထန် ခဲ့ပေ။

ကျားဖြူ မျိုးနွယ်က ဖျားနာနေတဲ့ အမျိုးသမီးတွေ နဲ့ သားရဲတစ်ဝက် တွေကို ကုသ ဖို့ရာ အတွက်သာ ချီဟန်က အားတွေ အများကြီး စိုက်ထုတ် ရမှာပဲ ဖြစ်လေတယ်။

နွေရာသီ တစ်ခုလုံး နဲ့ မိုးရာသီ အကုန်နီးပါး တစ်လကျော်လောက် က ထို တိုက်ပွဲအတွက် ပဲ ပြင်ဆင်ကုန်ဆုံး ခဲ့ရလေတယ်။ ချီဟန်က အရမ်းကို ပင်ပန်းနေပြီ လို့ ခံစားလာရတယ်။ ဒါကြောင့် သူက အနားကောင်းကောင်းလေး ယူပစ်ချင် စိတ်တွေ ပေါ်လာခဲ့လေတယ်။

ကျားဖြူ မျိုးနွယ် ရဲ့ သားရဲလူသား တစ်ရာကျော် က ငယ်ရွယ်ပြီးတော့ အရွယ်ရောက် နေကြ ပြီပဲ ဖြစ်လေတယ်။ ပြီတော့ အမျိုးသမီးတွေနဲ့ သားရဲတစ်ဝက်တွေ ပါ ပေါင်းတယ် ဆိုရင် အယောက် ၃၀၀ ကျော် ရှိသွားပြီ ပဲ ဖြစ်လေတယ်။

တကယ်လို့ အဲ့ လူတွေ အကုန်လုံးကိုသာ ချောင်ယွမ် မျိုးနွယ်ထဲကို ဆွဲခေါ်လိုက်လို့ ရမယ်ဆိုရင် အနာဂတ်မှာ မျိုးနွယ်စု ရဲ့ တိုးတက်ဖွံ့ဖြိုး ရေး အတွက် အထောက်အကူ ပြုနိုင်မှာပဲ ဖြစ်လေတယ်။ ပြီးတော့ ချောင်ယွမ် မျိုးနွယ် စုက အသင့်အတင့် ရှိတဲ့ မျိုးနွယ်စု တစ်ခု ဖြစ်လာ လိမ့်မယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now