အပိုင်း (51. 2)

1K 153 0
                                    

(51.2 )

ရှောင်ပိုင်ရဲ့ မျက်လုံးတွေ က အပြစ်ရှိစိတ်နဲ့ အစပိုင်း စိတ်ရှုပ်ထွေး မှုတွေကနေ လွတ်ထွက်လာတယ်။ ပြီးတော့ သူ့နှလုံးသား ထဲက ယို့ရဲ့ နေရာကို သူရှင်းရှင်းလင်းလင်း သိလေတယ်။

ရှောင်ပိုင် က ကျင့်ဝတ် မရှိစွာနဲ့ ထုတ်ပြောလာမှတော့ ပင်း နဲ့ ယန်မင်း တို့ နှစ်ပေါင်း များစွာ ခံစား လာခဲ့ရတဲ့ ဝေဒနါတွေက ဘာအတွက်လည်း?

ချီဟန် က ပင်းနဲ့ ယန်မင်း ဘက် က နေပြီးတော့ မခုခံမကာကွယ်ပေးပဲ မနေနိုင်တော့ပေ။

'' ယန်မင်း ကမင်းကို ရှာဖို့ သူ့ရဲ့ ဖျားနာနေတဲ့ ကိုယ်ကို ဆွဲ ပြီး နှင်းတောင်ပေါ် တက်ခဲ့ရတာ။ အဲ့ကတည်းက သူမမှာ ရောဂါ စွဲကပ်သွားပြီးတော့ အခုချိန်ထိ တောင် လုံးဝ မကုသ နိုင်သေးဘူး။ ဒါ့အပြင် မင်း က ကလေးဘဝ ကတည်းက မျိုးနွယ်စု စုန်းမရဲ့ စကားတစ်ခွန်းထဲကြောင့် နတ်ဘုရားတွေဆီ အပူဇော်ခံဖို့ သူ့ဆီကနေ လုယူခံလိုက်ရတာကွ။ ပင်း က မင်းအတွက် မျိုးနွယ်စု ခေါင်းဆောင်ကို တောင် သတ်ပေးပြီးတော့ မင်းကို ရှာဖို့ မျိုးနွယ်စုထဲကနေတောင် ထွက်ခဲ့ကြတာကွ။ ပြီးတော့ ဆယ်နှစ်ကျော် လေလွင့်သားရဲလူသားအနေနဲ့ မင်းကို လှည့်ပတ်ရှာနေခဲ့ကြတာ။ တကယ်လို့ မင်းသာ သူတို့နားမှာ ရှိရင် ယို့က ဘာလုပ်နိုင်မှာလဲ။ သူတို့ကလည်း မင်းကို အဲ့ထက်ကောင်း အောင်လုပ်ပေးမှာပဲ ။အဲ့တာကို နားကောလည်ရဲ့လား! ?''

ရှောင်ပိုင် က တစ်ခဏလောက် တိတ်ဆိတ်သွားပြီးတော့ သူ့ရဲ့ မျက်လုံးတွေက ရုန်းကန် မှုတွေ ပြည့်နေခဲ့တယ်။

'' ဒါပေမယ့် ငါ ယို့ကို လျစ်လျူမရှုနိုင်ဘူး။ သူကပဲ ယို့ကို ကုသပေး နိုင်မှာ ''

'' အား..... မင်းဘာလုပ်တာလဲ ရှောင်ပိုင်၊ ​ရှောင်ပိုင် ငါ့ကိုကယ်ပါ....အား...''

ချီဟန်ရဲ့ လမ်းညွှန်မှု အောက်မှာ သူတို့တွေ အချင်းချင်း စောဒက တက်နေချိန် တုံ က မြွေမဲနောက်ကို တိတ်တိတ်လေး ကပ်သွားခဲ့တယ်။ ပြီးတော့ မြွေမဲရဲ့ တောင်ပံ တွေကို ကိုက်ပစ်ခဲ့တယ်လေ။ မြွေမဲရဲ့ တောင်ပံ က အရိုးပေါက်တွေ နဲ့မလို့ ကိုက်ရတာ လွယ်ကူလေတယ်။ အဲ့ဟာတွေက လင်းယုန်တွေရဲ့ အတောင်ပံ လိုပဲ။ မြွေမဲ က ရုန်းကန်ပေမယ့် နောက်ထပ်တစ်ဖက်ကို တစ်ခြားကျားသစ် ကပါ လာကိုက်လို့ မလွတ်နိုင်တော့ပေ။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now