အပိုင်း (4.1)

3.4K 486 4
                                    

(4. 1)

တုံ က နောက်တစ်ဖဲ့ကို ကင်လိုက်ပြီးတော့ သူ့ရဲ့ မျက်လုံးထောင့် ကနေ သားရဲတစ်ဝက်လေးကို ခိုးကြည့်နေခဲ့လေတယ်။ ထိုသားရဲတစ်ဝက်လေး က ကင်ပြီးသား အသားကို ကိုက်တောင် မကိုက်နိုင်ဘူး ဆိုတာ ကို တွေ့လိုက်ရလေတယ်။ ဒါကြောင့် သားရဲတစ်ဝက်လေးက မကျက်တကျက် အသားကိုများ စားနိုင်လောက် လား ဆိုပြီး ထူးဆန်းစွာ တွေးနေမိခဲ့တယ်။

သူက လက်ထဲက အကင်တံကို ချကာ သားရဲတစ်ဝက်လေး ဆီကို လှည့်လိုက်ပြီး လက်တစ်ဖက်က သားရဲ တစ်ဝက်လေးရဲ့ မျက်နှာကို ပင့်ကိုင်ထားပြီးတော့ ကျန်တစ်ဖက်က လက်ချောင်း လေးတွေနဲ့ ပါးစပ်လေး ဖြဲ ကြည့်လိုက်တော့တယ်။

သားရဲတစ်ဝက်လေးမှာ ချွန်ထက်တဲ့ သွားစွယ်တွေတောင် မရှိရှာဘူးပဲ!

သူ မကိုက်နိုင်တာ အံ့သြ စရာတော့ မဟုတ်တော့ဘူးပဲ။ လက်တွေကို ပြန်ရုတ်ကာ ချီဟန်ရဲ့ လက်ထဲက အသားကင်ကို ပြန်ယူသွားပြီးတော့ မီးဖိုပေါ်မှာထပ်ကင် လိုက်လေတယ်။

ပြီးတော့ ချီဟန်ကို အံ့သြတကြီးနဲ့ စိုက်ကြည့်နေမိတယ်။

ဘာလို့များ ဒီဟာလေးရဲ့ သွားတွေက တစ်ခြား သားရဲတစ်ဝက်တွေရဲ့ သွားတွေနဲ့ ကွဲပြားနေရတာလဲ?

သွားစွယ်တောင် မရှိဘူး! ?

ဒါကြောင့်လည်း စွန့်ပစ်ခံ ရတာ ဖြစ်ရမယ်။

ထိုဟာလေးကို ပျိုးထောင် ဖို့ရာ အရမ်းကို ခက်ခဲမှာပဲ။ ဒါပေမယ့် သူလေးရဲ့ အသားရည်က အရမ်းကောင်းတယ်။ မျိုးနွယ်စု ထဲမှာ ဆင်းရဲဒုက္ခတွေ ခံစားခဲ့ရပုံတော့ မပေါ်ဘူး။

သူ့မိဘတွေက သူလေးကို အလိုလိုက် ပျိူးထောင် ခဲ့ပေမယ့် သူ့မိဘတွေလည်း သေသွားရော မျိူးနွယ်စုက အဝေးကို စွန့်ပစ်လိုက်တာ ပဲ ဖြစ်ရမယ်။

ဟုတ်တယ် ။

ဒါက ဖြစ်နိုင်ချေ အရှိဆုံးပဲ။

အရမ်း သနားဖို့ ကောင်းလိုက်တာ ။

တုံက ချီဟန်ရဲ့ ဘဝအတွေ့အကြုံကို တွေးတော နေရင်းနဲ့ အသားကင်ရဲ့ အပေါ်ယံ အလွှာကို ဆုတ်ဖြဲလိုက်လေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now