အပိုင်း (60.2)

650 85 1
                                    

(60.2)

ချီဟန်က အဲ့အကြောင်းကို အမှန်တကယ် ဂရုမစိုက်ပေ။ သူက ပင်းကို ဒါကြောင့် ရှက်သွားစေချင်ယုံပါ။ သူက မေးစေ့ကို မြင့်ကာ မျက်ခုံးကို ပင့်လိုက် ပြီးတော့ ပင်းကို ကြည့်လိုက်တယ်။ ကြည့်ရတာတော့ သူက အခုပြောလိုက်တဲ့ စကားကြောင့် ဘယ်လိုမျိူး ထင်မြင်သွားသလဲ ဆိုတာ ကို ပြသ နေဟန် ပါပဲ။

ပင်း က အချိန်အတော်ကြာကြီး ရပ်သွားပေမယ့် သူက ထပ်ပြီးတော့ မပြောတော့ပဲ နောက်ဝါကျ ကို မြိုချ လိုက်လေတယ်။

'' ဂျင်ဆင်းတွေက ထပ်တူးလို့ ရပါတယ်။ သူတို့က တောင်ပေါ်မှာ အများကြီး ကျန်နေသေးတာကို ''

လေထုက ကို့ယို့ကားယား ဖြစ်သွားပြီးတော့ အပြစ်ရှိစိတ်အနည်းငယ် တိုးလာခဲ့လေတယ်။

'' လက်ကောက် ကလည်း ထပ်ပြီးတော့ လဲလို့ရနေတာပဲ။ ငါတို့ ဒီတစ်ခါ သွားမယ်ဆိုရင် ဆေးပင်တွေ ပိုယူ သွားရမယ်။ အဲ့ပင်လယ်ထဲမှာ ကလေးတွေလည်း ရှိသေးတယ်။ပြီးတော့ မျိုးနွယ်စု စုန်းမ ကလည်း အိုနေပြီ။ ငါခန့်မှန်းရသလောက်တော့ သူမရဲ့ အခန်းထဲမှာ ပစ္စည်းကောင်းတွေ အများကြီး ကျန်သေးလောက်တယ်။ မင်း သဘောမပေါက်ဘူးလား။ မင်း လဲ ပြီးပြန်ယူလာတဲ့ လက်ကောက်တွေ ဆိုတာ က အရှားပါးဆုံး ပစ္စည်း မဟုတ်ဘူး ။ ငါကြားဘူး တာက ပင်လယ်ထဲမှာ ညလင်းပုလဲ ဆိုတာ ရှိတယ်တဲ့။ အဲ့တာတွေက ညအမှောင်ထဲမှာ တောင်မှ တောက် ပနေတာတဲ့လေ။ မင်းနဲ့ ယန်မင်းတို့ရဲ့ အနာဂတ်ကို တွေးကြည့်စမ်းပါ။.....မင်းတို့ရဲ့ အိမ်မှာ ညကြရင် တောက်ပနေတာ မျိုးကို မကြိုက်ကြဘူး တဲ့လား?''

ပင်း က အဲ့အကြောင်း ကိုတစ်ခဏ တွေးကာ မျက်လုံးကို ဘယ်ဘက်နဲ့ ညာဘက်ဆီကို ခိုးကြည့်လိုက်လေတယ်။ ယန်မင်းက ဘယ်နေရာမှာလဲ ဆိုတာ ရှာနေတာ ပဲ ဖြစ်တယ်။

'' ယန်မင်းက အဲ့တာတွေကို ထုတ်ယူပြီးတော့ မယ်ဂျစ်စတစ်ကို ပေးဖို့ ငါ ဖျောင့်ဖျ ကြည့်လိုက်မယ် ''

'' ဒါက အမှန်ပဲ။ ကျဲ က သူ့ကိုယ်သူ အမြဲသိမ်ငယ်နေပြီးတော့ သူ့ကိုယ်သူလည်း ယုံကြည်မှု မရှိဘူး။ တကယ်လို့ ငါသာ သူ့ကို မျိူးနွယ်စု အပ်ခဲ့မယ်ဆိုရင် ငါတို့ နောက်ပိုင်း မှာ သားရဲလူသား တွေကို ချုပ်ကိုင် ထားလို့ ရတော့မှာ မဟုတ်ဘူး ။ အပြင်ထွက် တာကလည်း မလွယ်ကူပါဘူးလေ!  ဒီမျိုးနွယ်စုက ငါ့မျိုးနွယ်စု မဟုတ်ဘူး။ ဒါက တုံ ပိုင်တာ။ ပြီးတော့ မူရင်း ကျားဖြူ က လူတွေ က ဒီထဲမှာ အများကြီး ရှိနေသေးတယ်။ လုံလုံ ခြုံခြုံနဲ့ မျိူးနွယ်စုကို ကာကွယ်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ ဒါက ငါတို့ရဲ့ မျိုးနွယ်စုပါ။ ငါတို့မှာလည်း ခွန်အားတစ်ချို့ဆီ ရှိကြတာ ပဲလေ။ ဟုတ်တယ် မလား? ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now