အပိုင်း (23)

2.6K 414 6
                                    

(23)

ချီဟန် တစ်ယောက် ကျန်တဲ့ ရက်တွေမှာ တစ်ခြား ကျန်နေသေးတဲ့ စုဝေးပွဲလာ မျိုးနွယ်စုတွေ ရဲ့ ဆိုင်တွေဆီကို သွားပြီးတော့ အစားအစာ မျိုးစုံတွေနဲ့ အစေ့တွေ အကုန်လုံးကို ရှာဖွေ ခဲ့လေတယ်။

ကုန်းမြေ ကသာ အရိုးသားဆုံးပဲ။ မင်းသာ သူ့အပေါ် အပင်စိုက်နေသရွေ့ သူကလည်း ကောင်းကောင်း ကြီးထွား လာမှာ ပဲလေ။ အနာဂတ်မှာ ဘဝက ပိုပြီးတော့ ကောင်းကောင်း မွန်မွန် နေထိုင် လာနိုင်မှာ ဖြစ်ပြီး သားပေါက်လေးတွေရဲ့ ရှင်သန်နှုန်း ကလည်း တိုးမြင့်လာကာ မျိုးနွယ်ထဲက လူဦးရေ လည်း တိုးပွားလာမှာ ပဲ ဖြစ်လေတယ်။

အမဲလိုက်ခြင်း ကိုသာ အမှီပြုပြီး အသက်ရှင် ကြမယ် ဆိုရင် မျိုးနွယ်ရဲ့ အခြေက ခိုင်မှာ မဟုတ်ပေ။  အပင်စိုက်ခြင်း နဲ့ မွေးမြူခြင်း အပေါ် မှီခိုရတဲ့ အခါမှသာ   ရေရှည် ​ဖြေရှင်းနိုင်မယ့် နည်းပဲ ဖြစ်လေတယ်။

ခရမ်းရောင် အမြစ်က အမျိူးသမီးတွေနဲ့ သားရဲတစ်ဝက်တွေ စားတဲ့ အဓိက အစားအစာ ဖြစ်လေတယ်။ ထိုဟာက စိုက်ပျိုးရ လွယ်ကူ သလို အကြီးလည်း မြန်တာကြောင့် အဓိက နှစ်ရှည် စိုက်ပျိုးဖို့ အသင့်တော်ဆုံးပဲ ဖြစ်လေတယ်။ ဒါပေမယ့် တစ်ခါလာလည်း ဒါကြီးပဲ စားနေ စိုက်နေရမယ် ဆိုရင်တော့ အတော်လေးကို ငြီးငွေ့ဖွယ်ရာ ကြီး ဖြစ်နေတော့မှာပဲ ။

ရက်အနည်းငယ်လောက် ရှာဖွေ ပြီးတဲ့နောက် ချီဟန်က မျိုးစေ့ တစ်ချို့ကို ရခဲ့လေတယ်။

ချီဟန် ဟာ တိုက်ကွန်းခ် မြစ်ရဲ့ အနိမ့်ပိုင်းမှာ နေတဲ့ မျိုးနွယ်စု တစ်ခု စီကနေ ပြီးတော့ မျိုးစေ့တွေ လဲလှယ်ခဲ့လေတယ်။ ထိုဟာက ပေါင်မုန့်နဲ့ အလားတူ နေတာကြောင့် ချီဟန်က ဒါကို ပေါင်မုန့် အသီးလို့ ခေါ်ဖို့ ဆုံးဖြတ် လိုက်တယ်။

ထိုမျိုးနွယ်ရဲ့ နေရာမြေပြင်က အနိမ့်ပိုင်းဖြစ်လို့ တောင်တန်း၊ သစ်တောတွေ နဲ့ အလွန် ဝေးကွာလေတယ်။ ဒါကြောင့် ထိုကဲ့သို့ မျိုးစိတ်တွေက ကျယ်ပြန်လှတဲ့ မြေပြင်မှာ ပေါက်တဲ့ ပေါင်မုန့်သီးဟာ ကန်စွန်းဥနဲ့ စိုက်ပုံခြင်း တူလှတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now