အပိုင်း (37. 2)

1.9K 318 1
                                    

(37. 2)

'' အမေ မင်းကို ပြောနေတယ်လေ။ ဘာလို့ ထပ်ပြီးတော့ သေးပေါက်ချရတာလဲ။ မင်းဒါကို လုပ်ချင်ရင် ပြောဖို့လိုအပ်တယ် ဆိုတာကို မသိတာလား။ အဲ့လိုမှ မဟုတ်ရင် ရှက်စရာကြီး ဖြစ်နေတော့မှာပေါ့။ အမေ က မင်းကို ဒီတစ်ခါ တော့ ထပ်ပြီး ခွင့်လွှတ်ပေးလိုက်မယ်''

ချီဟန်က အလေးအနက် ထား သလို ဟန်ဆောင် ကာ ပြောလိုက်တယ်။

'' အိုကွယ်။ သူမလေး ကို မင်းက ဘာလို့ ဒီလောက်ထိ ခြောက်လန့် နေရတာလဲ။ သူမလေးက အခုမှ အငယ်လေး ရှိသေးတာလေ။ သူမမထိန်းနိုင် ဘူးဆိုတာ ဘယ်လိုလုပ် တက်နိုင်မှာတဲ့လဲ''

'' ဟုတ်တယ် ။ မင်း အရမ်းကြီး တင်းကြပ် မနေပါနဲ့''

အဒေါ်ကြီး  ၂ ယောက်က သူ့ရဲ့ စကားတွေကို ကြားတာနဲ့ ချက်ချင်းပဲ ကလေးလေး ကို အကာအကွယ်ပေး လာကြလေရော။ ဒီအချိန်မှာပဲ ကလေးမလေး က ချက်ချင်းပဲ ပါးစပ်လေး ရှုံ့ကာ စတင်ငိုယိုတော့တယ်။ ဒါပေမယ့် သူမရဲ့ မျက်လုံးလေး ကတော့ ချီဟန်ကိုပဲ အချိန်တိုင်း ခိုးကြည့် နေခဲ့တယ်လေ။

အဲ့အချိန်မှာတော့ ချီဟန်က စကားဆက်မပြောတော့ပဲ ရပ်လိုက်လေတယ်။ ပထမ အနေနဲ့ သူ စကားတွေ အများကြီး ဆက်ပြောလို့ မကောင်းတော့ဘူးလေ။ ဒုတိယ အနေနဲ့ ထိုအသက်အရွယ်လေး ကို သူက ထိန်းချုပ် နိုင်မလား ဆိုတာကိုလည်း သူသေချာမသိ သေးပေ။

ဖြစ်နိုင်တာကတော့ သူမလေး က မေ့ချင်ယောင် ဆောင်နေတာပဲ ဖြစ်ရမယ်။ သူမလေးက တစ်ချို့ ရိုးရှင်းတဲ့ စကားတစ်ချို့ကို ပြောတက်သေးတယ်လေ။ ဥပမာ သူမ အစားစားချင် နေတဲ့ အချိန်မျိုးမှာပေါ့။

ဆောင်းတွင်း ပြီးသွားတဲ့ အချိန်မှာ သားရဲလူသားတွေရော၊ အမျိုးသမီးတွေက ဖြူဖွေး ဝတုတ်စွာနဲ့ ပျိုးထောင်ခံထား ရလေတယ်။

အမျိုးသမီးတွေနဲ့ သားရဲတစ်ဝက် တွေက ဆောင်းတွင်းမှာ လုံးဝကို အိမ်အပြင် မထွက်ခဲ့ကြဘူးလေ။ ချီဟန်က သူတို့ကို ပြန်မြင် ရတဲ့ အချိန်မှာ တစ်ချို့ကို အနည်းငယ် မမှတ်မိ ပေမယ့် တစ်ချို့ကိုတော့ လုံးဝကို မမှတ်မိ ခဲ့ပါချေ။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now