အပိုင်း (60. 1)

726 95 3
                                    

(60.1)

တစ်ချို့အတွေးတွေ က နှလုံးသားထဲ မှာ ညိတွယ်သွားပြီ ဆိုရင် နံရံပေါ်ကို အပြိုင်အဆိုင်ပြေးတက် လာတဲ့ နွယ်ပင်တွေ လိုပါပဲ။ နောက်နှစ်နွေဦးမှာ စိုက်ချင်တယ် ဆိုရင် အချိန်တွေ ကို ရေတွက်ကြည့်ခြင်း အားဖြင့် အခုချိန်က ခရီးသွားဖို့ အသင့်တော် ဆုံးပဲ ဖြစ်လေတယ်။ ပြီးတော့လည်း ရိတ်သိမ်းရာသီက နောက်ပိုင်း ကျရင် ရောက်လာတော့မှာ ပဲလေ။

ရိတ်သိမ်းရာသီ အတွင်း သူနဲ့ တုံ တို့ကသေချာပေါက် ပြန်လာ ရမှာ ဖြစ်ပြီးတော့ ဆောင်းတွင်းအတွက် အမဲ စုလိုက်ရတော့ မှာပဲ ဖြစ်တယ်။ ပင်းရဲ့ အတွေ့အကြုံ အရ ဆိုရင် မိုးရာသီ ရှည်လျားတဲ့ နှစ်မှာပဲ ဆောင်းရာသီ ကလည်း ရှည်လျားတယ်တဲ့လေ။ ဒါကြောင့် ဆောင်းတွင်းအတွက် ဒီနှစ်တော့ အစာတွေ အများကြီး ကြိုပြင်ရမယ် ။

ကျင်း တို့က သူတို့ကို ခေါ်ပြီး ကမ်းခြေ ကို လိုက်ပို့ပျံသန်းတာ ဆိုရင်တော့ ၃ ရက်ပဲ ကြာမှာ ဖြစ် လေတယ်။ တကယ်လို့ တုံတို့သာ လမ်းလျောက် သွားမယ် ဆိုရင် သေချာပေါက် အချိန်တွေ အများကြီး ကြာနေအုံးမှာလေ။

တကယ်လို့ ကလေး ကိုပါ ခေါ်လာခဲ့မယ် ဆိုရင် အချိန်က နှစ်ဆကြာ သွားမှာပဲ ဖြစ်လေတယ်။ လမ်းမှာလည်း အချိုးအကွေ့တွေ က များလွန်းပြီးတော့ ပိုပြီးတော့လည်း အန္တရယ် များလေတယ်။

တကယ်လို့ ချန်းရှီးလေး ကို မခေါ်သွားရင်လည်း ချန်းရှီးလေး နဲ့ အချိန်အကြာကြီး ခွဲနေရမှာ ဖြစ်တဲ့ အတွက်ကြောင့် ချီဟန်က အဲ့လို မလုပ်နိုင်ပါပေ။ ဒါ့အပြင် မျိုးနွယ်စု နေရာ ကနေ ဒီလောက်ထိ အကြာကြီး ထွက်သွားတယ် ဆိုတာက အတော်လေး မကောင်းပေ။

ထိုအကွာအဝေး တစ်ခုမှာ တိုက်ကွန်းခ် မြစ်ရဲ့ တံလျပ်တွေကြောင့် မျက်နှာချင်းဆိုင်က တစ်ဖက်ကမ်းကို အကြည့်တစ်ချက်နဲ့တင် မမြင်နိုင်ပါပေ။ မြစ်ကျောင်းရဲ့ ပတ်ဝန်းကျင်က တစ်နှစ်ပတ်လုံး မြူတွေ ထူထဲနေပြီးတော့ မြစ်ရေ တွေကလည်း ကြမ်းတမ်း စွာ စီးဆင်း နေခဲ့တယ်လေ။ မိကျောင်းတွေ ကတော့ သောင်ကမ်းပါး ပေါ်မှာပဲ သိပ်သည်းစွာ အသိုက်တွေ လုပ်ထားလေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now