အပိုင်း (27. 2)

2.4K 432 7
                                    

(27. 2)

ချီဟန်က သူမလေးကို ပွေ့မချီခင် နှစ်ကြိမ်ထက် ပိုပြီးတော့ စနောက်လိုက်တယ်။ ပြီးတော့မှ သူမလေး အတွက် သီးသန့်လုပ်ထားတဲ့ ထင်းသား ရေချိူးဇလုံလေးထဲ ထည့်ပြီး သန့်စင် ပေးလိုက်လေတယ်။

သူ့မှာ ကလေးပေါက်စလေး ရောက်လာကတည်းက အိမ်မှာ အမြဲတမ်း ရေနွေးနွေးလေး ရဖို့ ရေနွေးအိုး အမြဲတည်ထား ရလေတယ်။ သူမလေးကို သန့်ရှင်းပြီးတော့ သန့်တဲ့ လျော်ထည်လေး လဲလှယ်ပေးကာ အနွေးကုတင်ပေါ်ကို ပြန်တင်ထားလိုက်တယ်။ ပြီးတော့ အီးအီးတွေ ပေနေတဲ့ လျော်အထည်ကို သေချာလျော်လိုက်ပြီးတော့ အပြင်က နေရောင်ထဲကို ထုတ်လှမ်းထားလိုက်လေတယ်။

'' မျိုးနွယ်စု စုန်းမက အိမ်မှာလား ။ ဝေ့ဆီယာ ပြောတာကတော့ တောင်ကြားရဲ့ တစ်ခြားအပြင်ဘက် ရောက်နေတာဆို ''

'' အိုး ကျွန်တော် ဒီနေ့ အပြင်မသွားတော့ ပါဘူး။ အိမ်မှာ လုပ်စရာလေးတွေ ရှိနေသေးလို့လေ။ အဒေါ် တုံးဟွား က ရော ဘယ်ကို သွားမလို့လဲ''

'' မင်းဆီကိုပဲ လာခဲ့တာ။ မင်းဒီမှာ ရှိလောက်ပါရဲ့ ဆိုပြီးတော့ပေါ့ ''

ချီဟန်က အဒေါ် တုံးဟွားနဲ့ အဒေါ် ဝေ့ဆီယာ ဆီကို အဖြူမွှေးနုလေးတွေ ပေးပြီးတော့ ချုပ်ခိုင်းခဲ့တာ ပဲ ဖြစ်လေတယ်။ ထိုဟာတွေကို အဝတ်ထဲ ထည့်ချုပ်ပေး ခိုင်းပြီးတဲ့ နောက်မှာတော့ သူတို့ရဲ့ စိတ်ထဲက သိလိုချင် စူးစမ်းလို စိတ်တွေကို နိုးစွနေခဲ့တယ်လေ။

အချိန်တွေ အများကြီး ကျော်ဖြတ်ခဲ့ရတဲ့ လူကြီးတွေ အဖို့ ထိုအဝတ်မျိူးက ဘယ်လောက်တောင် အဖိုးတန် မလဲ ဆိုတာ ဘယ်သူက မသိကြလို့လဲ? ?

အပြင်လူတွေ သိသွားမှာ ကိုစိုးရိမ်တဲ့ အတွက်ကြောင့် အဒေါ်နှစ်ယောက် ခမျာ သူတို့အိမ်ကို တစ်စုံတစ်ယောက် လာလည်တိုင်း သူတို့လက်ထဲက ဂွမ်းဖြည့်ထားတဲ့ အဝတ်ပိုင်းလေးကို တင်းကျပ်စွာ ဖွက်ထားခဲ့လေတယ်။ သူတို့လည်း ချုပ်တာ အပြီးသတ်ပြီး သွားတဲ့ နောက်မှာတော့ ချီဟန်တစ်ယောက် ညနေခင်း မတိုင်ခင် အိမ်မှာ ရှိလောက်လား ဆိုတာကို လာရှာတာပဲ ဖြစ်လေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now