အပိုင်း ( 59. 2)

817 115 2
                                    

(59. 2)

အမျိုးသမီး ခေါင်းဆောင်က ဒေါသထွက်စွာနဲ့ ပြောလိုက်တယ်။ သူတို့ သုံး​ယောက် အခုမှ ပေါ်လာတုံးပဲ ရှိသေးတယ် မျိုးနွယ်စုခေါင်းဆောင်ရဲ့ အလွမ်းအဆွေး ခံစားချက်က ချက်ချင်းပဲ အနှောင့်အယှက် ပေးခံ လိုက်ရတယ်။ သူတို့က အချင်းချင်း တစ်ယောက် ကို တစ်ယောက် ကြည့်နေကြ ပြီးတော့ သူတို့က စကားပြောဖို့တော့ အနည်းငယ်ရှက်ရွံ နေခဲ့တယ်။

'' ခေါင်းဆောင် ၊ ဒီကို ကျွန်တော် တို့ လာတာ က ခေါင်းဆောင်ကို ပြောပြဖို့ပါ။ မနေ့က လဲလှယ်ခံ လိုက်ရတဲ့ အမျိူးသမီး ဆယ်ယောက်လုံး က ချောင်ယွမ် မျိူးနွယ်စု မှာပဲ အခြေချပြီးတော့ ပြန်မလာတော့ဘူး ဆိုတာ လာပြောတာပါ ''

လူတိုင်းက စကားပြေတာ ရပ်သွားတဲ့ အချိန်မှာတော့ ချီဟန်က သူမတို့တွေ အစား အမြန်ပဲ ဝင်ပြောလိုက်လေတယ်။ ဒီအချိန်မှာ သူက ဂွမ်းအမျှင်ဖြူတွေကို ကောက်လာပြီးတော့ ချည်မျှင်ရက်ဖို့ သူမတွေ အပေါ်မှာပဲ မှီခို ရတော့မှာလေ။ ဒီလို အရည်အချင်းမျိူး က ထိန်းသိမ်းထား သင့်တယ်။

'' မင်းက ဘာအ​ကြောင်းပြော နေတာလဲ ။ ရွှမ်း မင်းတို့က တကယ်ပဲ အဲ့လိုရည်ရွယ်တာလား။ မင်းတို့ ခြိမ်းခြောက်ခံ ထားရတာ လား။ ငါ့ကို ပြောပါ။ မင်းတို့ရဲ့ တကယ့် ဆိုလို ချင်တာက ဘာလဲ? ''

အမျိူးသမီး ခေါင်းဆောင် က ပေါက်ကွဲလုဆဲဆဲ အခြေအနေ ကို ရောက်သွားပြီးတော့ သူမရဲ့ ကိုယ်က ရုတ်တရက် ပဲ ဖြောင့်တန်းသွားကာ မျက်လုံးတွေ ပြူးကျယ် သွားပြီးတော့ နူးညံ့သိမ်မွေ့ မှု မရှိတော့ပဲ အော်ပြောလိုက်လေတယ်။

'' မဟုတ်ပါဘူး။ ကျွန်မတို့ အခြိမ်းခြောက် မခံ ရပါဘူး ''

အမျိုးသမီး ခေါင်းဆောင် က အရင်တုံးက သူမရဲ့ ကိုယ်ပိုင် ပုံရိပ်ကို ဘယ်တော့မှ ပြန်မရတော့ပေ။ ရွှမ်းနဲ့ တစ်ခြား နှစ်ယောက်က အချင်းချင်း ကြည့်လိုက်ပြီးတော့ အာ့လျန် နောက်ဆုံး ဘာကို သတိပေးချင်တာ လဲ ဆိုတာကို သဘောပေါက် သွားလေတယ်။

'' မင်းတို့ မျိုးနွယ်က ဘယ်နေရာ က ကောင်းနေလို့လဲ?  မင်းက မကောင်းဆိုးဝါးပဲ?  မျိူးနွယ်စု စုန်းမ ၊ မျိုးနွယ်စု စုန်းမ.........  ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Opowieści tętniące życiem. Odkryj je teraz