အပိုင်း (53. 2)

1K 156 0
                                    

(53. 2)

ယန်မင်း က ဒီ ၂ ရက်အတွင်းမှာ ချည်ထည် ရက်လုပ်နေတဲ့ နေရာမှာ အတော်လေး စိတ်ပါဝင်စားနေခဲ့တယ်လေ။ သူမက နေ့တိုင်း ပဲ အဒေါ် တုံးဟွား ဆီကို အချိန်တစ်ခဏလောက် သွားပြီးတော့ သင်ယူလေ့ ရှိတယ်။

ဒါကြောင့် ချီဟန် က ယန်မင်း အပြင်ထွက်တဲ့ အချိန်ကို သေချာအခွင့်ကောင်း ယူပြီးတော့ ပင်းကို သွားရှာကာ ရှောင်ပိုင်ရဲ့ အခြေအနေ အကြောင်းကို ပြောပြ လိုက်လေတယ်။ မမျှော်လင့်စွာနဲ့ပဲ ပင်း က သူတွေးထား သလိုမျိုးထက် ပိုပြီး အားလျော့စွာ တုံ့ပြန်လာခဲ့လေတယ်။

''  ရှောင်ပိုင် က နှင်းတောင် ပေါ်မှာ ကြီးပြင်းလာတာ ဖြစ်လို့ တစ်ခြား သားရဲလူသားတွေ ထက်ပိုပြီးတော့ အအေးဒဏ်ကို ခံနိုင်တယ်လေ။ သူ့မှာ တောင်ပံလည်း ရှိတယ်။ တကယ်လို့ သူသာ နှင်းတောင်ကို ပျံသန်းပြီးတော့ ကျော်လွှား လိုတယ် ဆိုရင်တောင်မှ အောင်မြင်နိုင်မယ့် ရာနှုန်း က အရမ်း မြင့်တယ်လေ။ သူသာ လမ်းလျောက် တက်မယ် ဆိုရင်လည်း ငါ့ထက် ပိုပြီးတော့ ခံနိုင်ရည် ရှိပါတယ် ။ ငါ့အဖေ......သူက သူ့တစ်ဘဝ လုံး ပုံစံ မပြောင်းလဲ နိုင်ခဲ့ဘူး။ ဒါပေမယ့် ရှောင်ပိုင် ရဲ့ မျိုးဆက် ရောက်တဲ့ အခါကျတော့ ရှေးသွေး မျိူးဆက် က နိုးထလာတာပဲပေါ့။ သူ့ကို အဲ့နေရာဆီ ပြန်သွားပြီး တစ်ချက်လောက် ကြည့်ခိုင်း လိုက်ပါ။ သူက အခုဆိူ အရွယ်ရောင်လု နီးပါး ဖြစ်နေခဲ့ ပြီလေ။ ဒါကြောင့် သူ့အနာဂတ်လမ်း အတွက် သူ့ဘာသာ သူ ကိုယ်ပိုင် ဆုံးဖြတ် သင့်ပါတယ်။ တကယ်လို့ ငါလိုက်သွားရင် တောင်မှ ပဲ သူ့ကို တားဖို့ဆိုတာ က မဖြစ်နိုင်ဘူး။ သူနဲ့ ရက်ပေါင်းများစွာ ကုန်ဆုံးပြီးတဲ့နောက် ငါသူ့ကို သိလာရတယ်။ သူသာလုပ်ချင်ရင် ဘယ်သူ ကမှ သူ့ကို တားနိုင်မှာ မဟုတ်ဘူးပဲ။ ''

အဲ့သားပေါက်လေး ရဲ့ ကိုယ်ရည်ကိုယ်သွေး တွေက တစ်ချို့ နေရာတွေမှာ သူနဲ့ အတော်လေးကို ဆင်တူ နေခဲ့တယ်။ အဲ့တာတွေက ခေါင်းမာတာ လိုမျိုးပေါ့။ ပင်း က သူ့ရဲ့ မသိစိတ် ကနေ တစ်ခဏတော့ ထုတ်ပြောမိလေတယ်။

''အဲ့တာ ကို ယန်မင်း ကို မပြောပေးပဲ ထားပေးပါ ''

'' ကောင်းပြီ ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now