အပိုင်း (3.2)

3.4K 509 5
                                    

(3.2)

ချီဟန်က နားမလည်တာကို တွေ့တဲ့ အချိန်မှာတော့ သူက မြေပြင်ပေါ်မှာ လက်ချောင်းလေးနဲ့ တဲအိမ် လေးတွေကို ဆွဲ ပြီးပြီး အခုဒီနေရာနဲ့ ထိုနေရာ အကွာအဝေးကို ဆွဲ ပြကာ လက်ညှိုး ထိုးပြလေတယ်။

( တဲပါတဲ့ ရှင် ဂူ မဟုတ်ဝူးတဲ့)

အခုတော့ ချီဟန် သဘောပေါက်သွားပါပြီ။ မြေပြင်ပေါ်မှာ ရေးဆွဲထားတဲ့ တဲအစုလေးတွေက ကျားသစ် လူသားတို့ရဲ့ အိမ်ဖြစ်ပြီးတော့ ဒီနေရာရဲ့ အကွာ အဝေးတစ်ခု မှာ တည်ရှိနေတာ ပါပဲ။

ဒါက သူ့ကို ကျားသစ်လူ က သူ့အိမ်ကို ခေါ်နေတာလား ?

ဒါမှမဟုတ် သူ့အိမ်က ဘယ်မှာ ရှိနေတယ် ဆိုတာကို ပြနေတာလား?

ကျားသစ်လူက သူ့ကို ပွေ့ပြီးတော့ ဟိုသားရဲ အုပ်လိုက်ကြီးနဲ့ အလန့်တကြား ပြေးခဲ့ ကြတာပဲလေ။ အပင်စား တွေရော အသားစားတွေပါ ကိုယ်ခန္ဓာတွေ အကုန်ကြီးကြ ပေမယ့် သူတို့ရဲ့ ကိုယ်ပေါ်မှာ အဝတ်အစားတွေ မရှိကြပေ။ ဒါက မြင်ရသူ ချီဟန် အတွက်ကတော့ ထူးဆန်းပေမယ့် အစောက အခြေအနေ မျိူးမှာ အဝတ်အစား တွေသာ ဝတ်ထားရင် တစ်ယောက်မှ အသက်ရှင်နိုင်မှာ မဟုတ်လေဘူး။

ကျားသစ် လူသား ဘာကို ပဲ ပြောချင်ပါစေ ကိစ္စမရှိပေ။ ချီဟန်က ခေါင်းကို ညိတ်ကာ လေးနက်စွာနဲ့ မြေပြင်ပေါ်မှာ ပုံဆွဲထားတဲ့ တဲအစုလေးတွေ ဆီကို လက်ညှိုး ထိုးပြလိုက်လေတယ်။

ထို ခဏလေး အတွင်းမှာပဲ ကျားသစ် လူသားရဲ့ မျက်နှာလေးပေါ်မှာ ပန်းပွင့်လေးလို အပြုံးတွေ ပေါ်လာခဲ့လေတယ်။ ဒါကြောင့် ချီဟန်လည်း အပြုံးကြီးကြီး တစ်ခု ပြန်ပေးလိုက်လေတယ်။

မီးမွှေးပြီး မကြာခင်မှာပဲ သားရဲလူသား တွေက သားကောင်ရဲ့  ခြေထောက် နှစ်ချောင်းကို စကင်တော့တယ်။ အချိန်ကြာလာ တာနဲ့ အမျှ အသားကင်ထားတဲ့ မွှေးရနံ့ က လေထဲမှာ ပျံ့နှံ့ လာခဲ့လေတယ်။

ချီဟန်လည်း ထိုမွှေး ရနံ့ကို ရတာကြောင့် လှည့်ကြည့်ကာ သူ့ရဲ့ မျက်လုံးတွေက အသားကင်မှာပဲ  ကပ်နေခဲ့လေတယ်။ ပြီးတော့ သူ့ အစာအိမ်ကလည်း အနည်းငယ် အော်မြည်နေခဲ့လေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now