အပိုင်း (43. 1)

1.8K 243 1
                                    

(43. 1)

ပင်း က သားရဲလူသား ပျို အယောက် ၂၀ ကို ခေါ်ဆောင် သွားမှာ ဖြစ်ပြီးတော့ ယန်မင်း ကလည်း ထိုနေရာမှာ ရှိနေခဲ့တယ်။

ခေါင်းဆောင် က ခေါ်တဲ့ စုဝေးပွဲတွေက လွဲလို့ သူတို့ နှစ်ယောက် က မခွဲခွာ ကြပါချေ။ အထူးသဖြင့် ဆုံးရှုံး သွားတဲ့ သားပေါက်လေး က အိမ်ကို ပြန်ရောက်လာတဲ အချိန်မှာတော့ သူတို့က ခွဲခွာ ဖို့ကို အတော်လေး တွန့်ဆုတ်နေခဲ့ လေတယ်။

ဟုတ်ပါတယ်။

သူက ဒီနေရာကို သူ့ရဲ့ အိမ်အဖြစ် သက်မှတ်ထား ပြီးသွားပြီ ပဲ ဖြစ်လေတယ်။ ယန်မင်း နဲ့ သားပေါက်လေး ရှိနေသရွေ့ လောင်းရှန်းရဲ့ ဘယ်နေရာမဆို သူ့ရဲ့ အိမ်ပဲ ဖြစ်ပြီးတော့ ဒီနေရာ က သူ့အိမ်ပဲ ဖြစ်လေတယ်။

ရှောင်ပိုင် က အမြဲတမ်း တိတ်ဆိတ်စွာ ပဲ နေခဲ့ပြီးတော့ ယန်မင်း က ဘယ်လောက်ပဲ စကားပြောနေပါစေ သူ့မှာ အဖြေမရှိခဲ့ပေ။

အင်းပေါ့လေ။

သူက ပြင်းပြင်းထန်ထန် ကြီးလည်း မငြင်းပယ် သလို လက်ခံတာ မျိုးလည်း မဟုတ်ခဲ့ပေ။ ယန်မင်းက ပြောနေသရွေ့ သူက မမြင်ချင်ယောင် ရော မကြားချင်ယောင် ရော ဟန်ဆောင် နေလိမ့်မယ်။

ယန်မင်းက သူ့အတွက် လျော်ထည်အဝတ်တစ်စုံ ချုပ်ပေးကာ အတော်ကြီးတဲ့ သားရေဝတ်စုံ နှစ်စုံကိုပါ ချုပ်ပေးခဲ့လေတယ်။ ရှောင်ပိုင်ရဲ့ ရုန်းကန်နိုင်မှု မရှိတာကို အခွင့်ကောင်း ယူပြီးတော့ သူမက ရှောင်ပိုင်ရဲ့ ခြေထောက်အတိုင်းကို ယူကာ သားရေဘွတ်ဖိနပ် တစ်ရံ ကိုလည်း လုပ်ပေး ခဲ့ပါ သေးတယ်။

ရှောင်ပိုင် က ဘာမှ မပြောပဲ တိတ်တိတ်လေး နေနေသေးသရွေ့  သူ ကမငြင်းဆန်တာ ဖြစ်လို့ ယန်မင်းဟာ သူမ စိတ်တိုင်းကျ လုပ်ပေးခဲ့လေတယ်။ ရှောင်ပိုင်နဲ့ ယန်မင်း တို့ကြားမှာ ထူးဆန်းတဲ့ ဆက်သွယ်ချက် ရှိလေတယ်။ ရှောင်ပိုင်က ဘာမှမပြောစရာ မလိုပေ။  သူက ဘာလိုချင်တာလဲ ဆိုတာကို သူ့ရဲ့ ကိုယ်လှုပ်ရှားမှုနဲ့ အမူအရာမဲ့နေတဲ့ မျက်နှာကို ကြည့်ကာ သူမဖော်ပြ ပဲ ယန်မင်း က  နားလည်ပြီး တိတ်တဆိတ်နဲ့ လုပ်ပေးလေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now