အပိုင်း (15)

2.9K 514 6
                                    

(15)

ချီဟန် တက္ကသိုလ် မှာ သင်ယူခဲ့တဲ့ ဘာသာရပ်က စီးပွားရေး ပဲ ဖြစ်လေတယ်။ သူ ဆေးပညာကို သင်မိခဲ့ ဖို့ကို မျှော်လင့်မိတယ်။ သူကဆေးပညာနဲ့ ပတ်သက်လို့ အများကြီး မသိလေဘူး။ သူ့ရဲ့ မတောက်တခေါက် ဆေးပညာ အသိလေးနဲ့ပဲ တုံကို တုန်ရီနေတဲ့ လက်တွေနဲ့ ကုသ ပေးခဲ့တယ်။

ချီဟန်က သူ့ရဲ့ လက်တွေကို အရင်ဆေးလိုက်တယ်။ ပြီးတာနဲ့ သွေးတွေ အမြန်ဆုံး ထွက်တဲ့ ဒဏ်ရာ ကနေ ပြီးတော့ သွေးလွှတ်​ကြော ကို တွေ့လိုက်ရတယ်။ ပြီးတော့ အဲ့တာ တွေကို အရိုးအပ်နဲ့ ချုပ်ပေးခဲ့တယ်။ အရည်ပြားနဲ့ အသားတွေ လန်နေပြီးတော့ ဒဏ်ရာက အတော့်ကို နက်ရှိုင်းလေတယ်။ ချီဟန်က ဒဏ်ရာကို  သန့်ရှင်းကာ စိတ်ငြိမ်ငြိမ်ထားပြီး ချုပ်လိုက်လေတယ်။ ချုပ်ပြီး သွားတဲ့ အနာပေါ်မှာတော့ ဆေးပင်တွေကို ကြိတ်ချေကာ သေချာလေး ဂရုစိုက်ပြီး  အုံထား လိုက်တယ်။

သွေးထွက်နေတဲ့ ဒဏ်ရာတွေ သွေးထွက် ရပ်လုနီးပါး ဖြစ်သွားတဲ့ အချိန်မှာတော့ ချီဟန်က တုံရဲ့ ကျိူးသွားတဲ့ ခြေထောက်ကို ကြည့်ဖို့ ပြင်လိုက်တော့တယ်။ သူ့ရဲ့ လက်တွေကို မတုန်ရီဖို့ ဆက်ပြီး မထိန်းချုပ်နိုင်တော့ပေ။ စိတ်သောက ကို ချူပ်ထိန်းနိုင်ဖို့ အချိန်အတော် ကြာအောင် သူ ငြိမ်နေလိုက်ရတယ်။ ပြီးတာနဲ့ ဂရုတစိုက်နဲ့ သွေးတွေ ဖုံးလွှမ်း နေတဲ့ နေရာကို ထိလိုက်တယ်။

ခြေထောက်က အရိုးတွေက အခုချိန်ထိ ထိကြည့်လို့ ရနေဆဲပါ။ အဲ့တာ တွေက မကြေ မွသွားသေးဘူး။ ချီဟန်က စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်မိတယ်။ အပေါ်ယံ မျက်နှာပြင်ပေါ်က သွေးထွက်နေတဲ့ ဒဏ်ရာတွေကို ကိုင်တွယ် ပြီးသွားတဲ့ နောက်မှာတော့ ယောင် က သင့်တော်တဲ့ ထင်း နှစ်ချောင်းကို ရှာပေးလေတယ်။ ပြီးတော့ သေချာလေး ပတ်ပြီး စည်းနှောင် ပေးခဲ့တယ်။ ကြိုးစည်းပေးနေတဲ့ အချိန်မှာ တုံရဲ့ ခြေထောက်ကို တင်းကြပ်အောင် သစ်သားနှစ်ခုနဲ့ တွဲချည်ရတာကြောင့် သူ့ခမျာ အရမ်းနာကျင်မှုကို ခံစားရပေမယ့် ချီဟန်ကတော့ သူ့ကို ရက်စက်စွာပဲ ဖိထားလေတယ်။

ထိုကိစ္စတွေ အကုန်ပြီး သွားတဲ့နောက် ချီဟန်က တုံ ရဲ့ဘေးမှာ အားပျော့စွာ ထိုင်ချလိုက်ကာ တုံရဲ့ အသက်ရှုမှုကို လက်ချောင်းလေး တွေနဲ့ စမ်းသပ် ကြည့်လိုက်တယ်။ ဒါတွေ ပြီးတော့မှပဲ ယောင်ကို ဘာတွေ ဖြစ်သွား သလဲဆိုတာ မေးဖို့ သတိရတော့တယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now