အပိုင်း (35. 2)

2.1K 352 7
                                    

(35. 2)

တုံရဲ့ အိမ်အပြင်ဘက်မှာ လူတွေ အများကြီးက စကားတပြောပြော နဲ့ လမ်းလျောက် လာစဥ်မှာပဲ အထဲကနေ  ချီဟန်ရဲ့အသံကို ကြားလိုက်ကြရတယ်။

'' တုံ မြန်မြန်လေး လုပ် ကလေးလေး က စောင့်ရတာ စိတ်မရှည်တော့ဘူး ''

'' ဒီမှာ လာနေပါပြီ။  ခဏလေးပဲ စောင့်ပေးပါ။ မကြာခင်ရပါတော့မယ်''

တုံ က သဘောတူလိုက်တယ်။

'' အထဲမှာ ဘာတွေ ဖြစ်နေတာလဲ ငါမသိတော့ဘူး! ''

တုံးဟွား အဒေါ်က တံခါးခေါက်ကာ ပြောလိုက်တယ်။

'' ခေါင်းဆောင် ၊ မျိုးနွယ် စုစုန်းမ လာပြီးတော့ တံခါးလာဖွင့်ပေးအုံး။ ငါတို့ကို တစ်ခဏလောက် လာပြီး ဆော့ကစားခွင့် ပေးပါအုံး ''

'' ဟေး လာပြီလာပြီ။ တုံ ရေ တံခါးကို အရင်ဆုံး ဖွင့်ပေးလိုက်ပါအုံး''

'' ဝူး......ဝူး.....  ''

ချန်ရှီးလေး က သက်တောင့် သက်သာ မရှိတာကြောင့် ငိုယိုဟန် ဆောင်လိုက်တယ်။

'' ဟေး မြန်မြန်လာတော့ ကလေးလေးက သူ့ရဲ့ ကတ်စတက်လေး စားချင်နေပြီ''

'' ဟော၊ ကျုပ်က ဘယ်ဟာကို အရင်ဆုံး လုပ်ပေး ရတော့မှာလဲ။  အရမ်းတွေ အလုပ်ရှုပ်နေပြီရယ် ''

တုံ က ကူကယ်ရာမဲ့စွာ ကြည့်လိုက် ပြီးတော့ တံခါးကို အရင်ဖွင့်ပေး လိုက်တယ်။

'' လာကြလေ။ ဝင်ခဲ့ကြ။ အထဲမှာ နွေးနေတယ် ''

'' ဘာတွေ ဖြစ်နေရတာလဲ။ ကလေးလေး က ဘာလုပ်ချင်လို့လဲ''

'' သူ မနေ့က ဥ နဲ့လုပ်နဲ့ ကတ်စတက် စားခဲ့ရတယ်လေ။  မနေ့က ဥတွေ ရလို့ ကျွန်တော် လုပ်ကျွေးခဲ့တာလေ။ အဲ့တာကို စားပြီးတာနဲ့ ဒီနေ့မနက်ကနေ အခုချိန်ထိ နို့အသီးစားဖို့ ငြင်းဆန်နေပြီးတော့ အဲ့တာ ကိုပဲ စားချင်နေတော့တာ ပဲ''

'' ဟားဟား ။ ချန်ရှီးလေး က အခုဆိုရင် အသားကင်တွေနဲ့ ခရမ်းရောင် အမြစ်ပြုတ် ကို စားလို့ရနေပြီလေ။ သူမလေး စားဖို့ဆို အနည်းငယ်လောက် ထပ်ပြီး ကြာကြာ ပိုချက်လိုက်။ ပြီးတာနဲ့ နည်းနည်း ချင်းစီ ကျွေး ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now