အပိုင်း( 62. 1)

421 75 0
                                    

(62. 1)

ချီဟန်က စောင့်ဆိုင်းဖို့ကို သန်မာကာ လျှံကာ ပြောလိုက်တဲ့ အခါ ပိုင်က ကြက်ဟင်းခါးသီး စားလိုက်ရသလို မျက်နှာကြီး ဖြစ်သွားလေတယ်။

သူက ပင်လယ်ဘုရား ကျောင်းထဲ ကနေ ထွက်လာတဲ့ အချိန်တုံး က မျိုးနွယ်စု စုန်းမ က တစ်ဖက်က ခေါင်းဆောင်နဲ့ မျိုးနွယ်စု စုန်းမကို အပါခေါ်လာခဲ့ဖို့ ထပ်ကာ ထပ်ကာ မှာကြားခဲ့လေတယ်။ ညနေခင်း မတိုင်ခင် ခေါ်လာတာ အကောင်းဆုံး ပဲလို့ ပြောသေးတယ်။

ဘာလို့ သူတို့ကို ညနေခင်း မတိုင်ခင် ခေါ်လာခိုင်းတာ လဲ ဆိုတာ ကိုတော့ မျိုးနွယ်စု စုန်းမ က မပြောပြခဲ့ပေ။ ဒါပေမယ့် ပိုင် က ငြင်းဆန်မှာ မဟုတ်ပေ။
ဘာလို့လဲ ဆိုတော့ မျိုးနွယ်စု စုန်းမရဲ့ လေသံ က အလေးအနက် ဖြစ်နေပြီး မျက်လုံးတွေ ကလည်း အလေးအနက် ဖြစ်နေလို့ ပဲ ဖြစ်လေတယ်။

ကုန်းမြေ သားရဲတွေနဲ့ မတူတာက ပင်လယ်ရဲ့ မျိုးနွယ်စုစုန်းမ က မိသားစူ အလိုက် အမွေဆက်ခံ ရတာ မျိူး မဟုတ်သလို အရင်မျိုးနွယ်စု စုန်းမရဲ့ တပည့်တွေ ထဲကနေ ပြီးတော့လည်း ရွေးချယ်ရတာ မဟုတ်ပေ။ အဲ့တာ က ကောင်းကင် ကနေ ရွေးချယ် ခဲ့တာပဲ ဖြစ်လေတယ်။

အဲ့တာ က ရှေးဘိုးဘေးတွေ ချမှတ်ခဲ့တဲ့ နည်းလမ်းကို သေချာပေါက် လိုက်နာ ရမှာပဲ ဖြစ်လေတယ်။ ဘာလို့လဲ ဆိုတော့ မျိူးနွယ်စု စုန်းမ နေရာ က မျိူးနွယ်စု ခေါင်းဆောင် ရာထူးနဲ့ သိပ်ပြီးတော့ ဘာမှ မကွာခြားလို့ပဲ ဖြစ်လေတယ်။ ခေါင်းဆောင်နဲ့ မျိုးနွယ်စု စုန်းမက တကယ့်ကို အတူတူ ပဲ ဖြစ်လေတယ်။

သူတို့ ပင်လယ်ထဲမှာ ရှိတဲ့ မျိုးနွယ်တွေ အကုန်လုံးရဲ့ ကျန်းမာရေး တာဝန်ကို သူယူရတယ် ပြီးတော့ ပင်လယ်မျိုးနွယ်စုတွေ မှန်ကန်အောင် လမ်းပြ ပေးရတယ်။ မျိုးနွယ်စု စုန်းမက သူ့ရဲ့ဆွေမျိုးပဲ ကောင်းစား စေဖို့နဲ့ သူ့အိပ်ကပ်ထဲပဲ အကုန်ထည့်မှာကို ကာကွယ်ဖို့ရာ အတွက် မျိုးနွယ်စု စုန်းမ မှာ လက်တွဲဖော်တော့ ရှိခွင့် ရပြီး ကလေး မွေးခွင့်တော့ မပေးကြပေ။

ပင်လယ် မျိုးနွယ်စု စုန်းမရဲ့ ဘဝ သက်တမ်း ကုန်ချိန်နား နီးလာတဲ့ အချိန်မှာ ပင်လယ်လူသား တွေ အကုန်လုံး က သူ့ရှေ့မှာ ရပ်​နေရပြီးတော့ ကောင်းကင်ကနေ ရွေးချယ်ခွင့် ရဖို့ စောင့်ဆိုင်း ကြရတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Unde poveștirile trăiesc. Descoperă acum